إعدادات العرض
အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး…
အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ - (أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) (အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ - (أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) (အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။"
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Hausa Kurdî Português Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українська ភាសាខ្មែរ ಕನ್ನಡ پښتو Svenska Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ - မည်သည့် မွတ်စ်လင်မ် တစ်ဦးမဆို အခြားကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော မွတ်စ်လင်မ်တစ်ဦးထံသို့ ၎င်း၏ နာမကျန်းဖြစ်ချိန်တွင် ကြည့်ရှု့အားပေးရန် သွားရောက်မည်။ ထို့နောက် လူနာအတွက် ဤဒုအာ (أَسْأَلُ اللَّهَ الْعَظِيمَ) "အစ်အလုလ္လာဟလ်အဇွီးမ်" (အနန္တ တန်ခိုးတော်အားဖြင့်၊ ဂုဏ်တော်များအားဖြင့် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်)၊ ( رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) "ရဗ္ဗလ်အရ်ရှိလ်အဇွီးမ် အိုင်န် ရရှ်ဖိယက္က" (အလွန်ကြီးမားသော အရ်ရှ်ပလ္လင်တော်၏ အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ထပ်တလဲလဲ ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။فوائد الحديث
၁။ နာမကျန်းဖြစ်သူအတွက် ဤဒုအာကို ရွတ်ဖတ်တောင်းဆိုပေးခြင်းနှင့် ၎င်းဒုအာကို ထပ်ခါတလဲလဲခုနစ်ကြိမ် ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
၂။ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိလျှင် မိမိ၏အနားတွင် ဤဒုအာကိုရွတ်ဆိုခံရသော လူနာသည် သက်သာပျောက်ကင်းမှု ရရှိမည်ဖြစ်သည်။ သို့သော် စိတ်ရင်းခံအတိုင်း စေတနာဖြူစင်စွာဖြင့် ဒုအာဆုတောင်းပေးခြင်းဖြစ်ရန် လိုအပ်သည်။
၃။ ဤဒုအာကို တီးတိုးစွာ ရွတ်ဖတ်နိုင်သလို ကျယ်လောင်စွာလည်း ရွတ်ဖတ်နိုင်သည်။ နှစ်မျိုးစလုံး ခွင့်ပြုထားသော်လည်း လူနာကြားအောင် ရွတ်ဖတ်ခြင်းက ပို၍ကောင်းမွန်သည်။ အကြောင်းမှာ ၎င်းသည် လူနာ၏ စိတ်ကို ရွှင်လန်းစေသောကြောင့် ဖြစ်သည်။
التصنيفات
ရှရိအဟ် တရားတော်လာ မန်းမှုတ်ခြင်း။