အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့်…

အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။

စအ်ဒ် ဗင်န် အုဗာဒဟ် ( ရဿွိယလ္လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည်။ "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။

[حسن بمجموع طرقه] [رواه أبو داود والنسائي وابن ماجه]

الشرح

စအ်ဒ် ဗင်န် အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု)၏ မိခင် ကွယ်လွန်သွားသောအခါ ၎င်းသည် မိမိ၏မိခင်အတွက် လှူဒါန်းရန် အကောင်းဆုံး အလှူအမျိုးအစားအကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ မေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အကောင်းဆုံးအလှူမှာ ရေ ဖြစ်သည်ဟု အသိပေးမိန့်ကြားတော်မူသဖြင့် သူသည် ရေတွင်းတစ်တွင်းတူး၍ မိခင်အတွက် စွဒကဟ်(ဂျာရိယဟ်)အဖြစ် ပြုလုပ်လှူဒါန်းခဲ့သည်။

فوائد الحديث

ရေသည် အကောင်းဆုံးသော လှူဒါန်းမှုများထဲမှ တစ်ခုဖြစ်ကြောင်း ရှင်းလင်း‌ဖော်ပြထားခြင်း။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စအ်ဒ်အား ရေလှူဒါန်းရန် အကြံပေးတော်မူခြင်းမှာ ရေသည် သာသနာရေးနှင့် လောကီရေးရာ ကိစ္စရပ်များတွင် အကျိုးကျေးဇူးအများဆုံး၊ အကျယ်ပြန့်ဆုံးဖြစ်ပြီး ပူပြင်းခြောက်သွေ့မှု၊ ရေအခက်အခဲနှင့် ရေရှားပါးမှုတို့ကို ခံစားနေရသောကြောင့် ဖြစ်သည်။

ကွယ်လွန်သူများထံ စွဒကဟ်အလှူဒါနာများ၏ အကျိုးကျေးဇူးများ ရောက်ရှိကြောင်း ညွှန်ပြထားခြင်း။

စအ်ဒ် ဗင်န် အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု) ၏ မိခင်အပေါ် ကျေးဇူးသိတတ်မှုနှင့် ကောင်းမှုပြုခြင်း။

التصنيفات

(ဝကဖ်)လှူဒါန်းပေးကမ်းခြင်း။, နဖ်လ် အလှူဒါန။