တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။…

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်

အွတ်က်ဗဟ် ဗင်န် အာမိရ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်။ ကုလားအုပ်များ ထိန်းကျောင်းခြင်းသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ အလှည့်ရောက်လာသောအခါ ကျွန်ုပ်သည် ညနေချိန်၌ ထိုကုလားအုပ်များကို ညအိပ်‌‌ခိုလှုံရာနေရာသို့ ပြန်လည်မောင်းနှင်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား မတ်တပ်ရပ်လျက် လူတို့အား မိန့်ကြား‌နေသည်ကို တွေ့ခဲ့ရသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်။ ဟဒီးစ်ဆင့်ပြန်သူ ရာဝီက ပြောပြခဲ့သည်။ ထိုအခါ ကျွန်ုပ်က ဤမိန့်ကြားချက်သည် အဘယ်မျှ ကောင်းလိုက်ပါသနည်းဟု ပြောခဲ့၏။ ထိုအခါ ကျွန်ုပ်‌၏ရှေ့တွင် ရှိသော ပြောဆိုသူတစ်ဦးက ဤမိန့်ကြားချက်၏ အလျင်တွင်ရှိသော မိန့်ကြားချက်သ ည် ပို၍ ကောင်းပါသည် ဟု ပြောဆိုခဲ့သည်။ ကျွန်ုပ်ကြည့်လိုက်သောအခါ အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) ဖြစ်နေလေသည်။ ၎င်းက အသင် အခုနကမှ ရောက်လာခဲ့သည်ကို ကျွန်ုပ် တွေ့မြင်ပြီးဖြစ်သည်။ တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် မည်သူမဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُ اللهِ ورسوله (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ထို့ပြင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။) ကို ရွတ်ဆိုလျှင် ဂျန္နသ်သုခဘုံ၏ တံခါးရှစ်ခုလုံး သူ့အတွက် ဖွင့်လှစ်ပေးခြင်းခံရမည်။ ထိုသူသည် မိမိအလိုရှိရာ တံခါးမှ ဝင်ရောက်နိုင်မည်ဖြစ်သည်။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတို့အား ဟဒီးစ်မိန့်ကြားရာတွင် အလွန်ကြီးကျယ်သော အကျိုးကျေးဇူးနှစ်ရပ်ကို ရှင်းလင်းတင်ပြတော်မူခဲ့သည်။ မည်သူမဆို စွန္နသ်နည်းလမ်းအတိုင်း အပြည့်အဝ ကောင်းမွန်ကျနစွာ ဝူဿွူပြုလုပ်မည်၊ ဆေးကြောရမည့်အစိတ်အပိုင်းတိုင်းအား ကောင်းစွာ ဆေးကြောပြီးနောက် (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း ကျွန် တော်မျိုးသက်သေခံအပ်ပါသည်။ ထို့ပြင် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။) ဟု ရွတ်ဆိုလျှင် ဂျန္နသ်သုခဘုံ၏ တံခါးရှစ်ခုလုံး သူ့အတွက် ဖွင့်လှစ်ပေးခြင်းခံရမည်။ ထိုသူသည် မိမိအလိုရှိရာ တံခါးမှ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ‌ ၂။ မည်သူမဆို ဤကဲ့သို့ပင် ပြည့်စုံကောင်းမွန်သောဝူဿွူပြုလုပ်မည်။ ထို့နောက် စိတ်စင်ကြယ်စွာ၊ ခယရိုကျိုးစွာဖြင့်၊ ထို့ပြင် မိမိ၏ မျက်နာနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးဖြင့် အလ္လာဟ်အရှင်မြတ်အား ရိုကျိုးကိုင်းညွတ်ခြင်းဖြင့် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုဆောက်တည်လျှင် ထိုသူ့အတွက် ဂျန္နတ်သုခဘုံသည် ထိုက်တန်သွားလေသည်။

فوائد الحديث

အလ္လာဟ်အရှင်မြတ်သည် အနည်း

ငယ်သော အမလ်ကိုပြုလုပ်ခြင်းအတွက် ကြီးမားသော အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူခြင်းသည် အရှင်မြတ်၏ ကြီးမားလှသော ကျေးဇူးတော်ပင်ဖြစ်သည်။

ဝူဿွူကို ကောင်းမွန်ကျနစွာ၊ အပြည့်အစုံ ပြုလုပ်ခြင်းနှင့် ဝူဿွူပြုလုပ်ပြီးနောက် ခယရိုကျိုးစွာဖြင့် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး ထိုမှရရှိလာမည့် ကြီးမားသော အကျိုးဆုလာဘ်တို့ရှိသည်။

ကောင်းမွန်ကျနစွာ ဝူဿွူပြုလုပ်ခြင်းနှင့် ဝူဿွူပြုလုပ်ပြီးနောက် ဤဒုအာကို ရွတ်ဖတ်ခြင်းသည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခွင့်ရရန် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

ရေချိုးသူအတွက်လည်း ဤဒုအာကို ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

စွဟာဗဟ်သာဝကများသည် ပညာကို သင်ယူခြင်း၊ ဖြန့်ဝေခြင်းစသည့် ကောင်းမှုကိစ္စရပ်များနှင့် နေ့စဉ်လူမှုရေးကိစ္စရပ်များတွင် တစ်ဦးကိုတစ်ဦး ကူညီရန် အလွန်စိတ်အားထက်သန်ကြသည်။

ဝူဿွူပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာအား ‌‌သန့်ရှင်းမှုရရှိ‌စေပြီး ညစ်ညမ်းမှုများ ကင်းစင်စေသကဲ့သို့ ဝူဿွူပြုလုပ်ပြီးနောက် ဇိကိရ်ပြုလုပ်ခြင်းအားဖြင့် စိတ်နှလုံးသားအား သန့်ရှင်းမှုရရှိစေပြီး ရှိရ်က် (ယှဉ်တွဲကိုးကွယ်မှု) ပြုလုပ်ခြင်းမှ ကင်းစင်စေသည်။

التصنيفات

ဝုဿွူ၏ စွန္နသ်များနှင့် အာဒါဗ်စည်းကမ်းများ။