إعدادات العرض
အသင်တို့ ငါကိုယ်တော်ရဲ့စွဟာဗဟ်သာဝကများအား မကောင်းမပြောကြလေနှင့်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည်…
အသင်တို့ ငါကိုယ်တော်ရဲ့စွဟာဗဟ်သာဝကများအား မကောင်းမပြောကြလေနှင့်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အုဟုဒ်တောင်နှင့်ညီမျှသည့် ရွှေများကို လှူဒါန်းသုံးစွဲရင်တောင် သူတို့ထဲက တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲသည့် တစ်မွဒ် ( နို့ဆီဗူးနှစ်ဗူးခွဲ) ကို မမီရုံမက ထိုတစ်မွဒ်ရဲ့ တစ်ဝက်ကိုပင် မီမည်မဟုတ်ပေ။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့ ငါကိုယ်တော်ရဲ့စွဟာဗဟ်သာဝကများအား မကောင်းမပြောကြလေနှင့်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အုဟုဒ်တောင်နှင့်ညီမျှသည့် ရွှေများကို လှူဒါန်းသုံးစွဲရင်တောင် သူတို့ထဲက တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲသည့် တစ်မွဒ် ( နို့ဆီဗူးနှစ်ဗူးခွဲ) ကို မမီရုံမက ထိုတစ်မွဒ်ရဲ့ တစ်ဝက်ကိုပင် မီမည်မဟုတ်ပေ။
[صحيح] [متفق عليه]
الترجمة
العربية Bosanski English فارسی Français Русский 中文 हिन्दी Indonesia اردو Hausa Kurdî Português অসমীয়া Kiswahili Tagalog ગુજરાતી Tiếng Việt Nederlands සිංහල پښتو नेपाली മലയാളം Кыргызча Română Svenska తెలుగు ქართული Moore Српски Magyar Македонски Čeština Українська አማርኛ Kinyarwanda Malagasy Wolof ไทย मराठी ਪੰਜਾਬੀ دری Türkçe বাংলা ភាសាខ្មែរ Lietuvių Deutsch ಕನ್ನಡ Oromoo Azərbaycan Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်သာဝကများကို မကောင်းပြောခြင်းမှ တားမြစ်ခဲ့သည်။ အထူး သဖြင့် မုဟာဂျိရီန်များနှင့် အန်စွာရ်များထဲမှ (အီမာန် ယူရာတွင်) အားလုံးထက် ရှေ့ဆုံးရောက်သူတို့အား ကဲ့ရဲ့ခြင်းမှ တားမြစ်ခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့အနက် တစ်ဦးဦးသည် အုဟုဒ်တောင်ပမာဏ ရွှေများ လှူဒါန်းသုံးစွဲခဲ့ရင်လည်း စွဟာဗဟ်များအနက် တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲခဲ့ကြသော မုဒ်တစ်ခုစာ (သို့) ၎င်း၏ ထက်ဝက်စာ၏ အကျိုးဆုလာဘ်မျှကိုပင် မရရှိနိုင်ကြောင်း မိန့်ကြားခဲ့သည်။ (မုဒ်ဆိုသည်မှာ သာမန်လူတစ်ဦး၏ လက်နှစ်ဆုပ်ပြည့်သော ပမာဏဖြစ်သည်။) ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ အိခ်လားစ် (အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်စေခြင်း)များပြားမှု၊ စင်ကြယ်သော ရည်ရွယ်ချက်များနှင့် မက္ကာမြို့အောင်ပွဲမတိုင်မီ အရေးကြီးအချိန်ကာလ၌ (အရှင်မြတ်၏လမ်းတော်၌) အဦးဆုံးလှူဒါန်းခြင်း၊ စွန့်လွတ်ခြင်းနှင့် ဂျိဟာဒ်ပြုခြင်းတို့ကြောင့် ဖြစ်သည်။فوائد الحديث
စွဟာဗဟ်များအား ဆဲဆိုမကောင်းပြောခြင်းသည် ဟရာမ်ဖြစ်ပြီး၊ အလွန်ကြီးလေးသည့် အပြစ်အကုသိုလ်များထဲမှ ဖြစ်သည်။
