မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည်…

မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည် မုအ်မင်န်မှအပအခြားမည်သူ့အတွက်မှ မဖြစ်နိုင်ပေ

စူဟိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည် မုအ်မင်န်မှအပအခြားမည်သူ့အတွက်မှ မဖြစ်နိုင်ပေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ဤသည် သူ့အဖို့အကောင်းဖြစ်ပေသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံလေသည်။ ဤသည်လည်း သူ့အဖို့အကောင်းပင်ဖြစ်သည်။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအ်မင်န်ယုံကြည်သူ၏ အရေးကိစ္စနှင့် အခြေအနေများကို အားကျဖွယ်အဖြစ် အံ့ဩတော်မူခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏အခြေအနေအားလုံးသည် ကောင်းမြတ်သောအရာများသာဖြစ်သောကြောင့်ဖြစ်ပြီး၊ ဤဂုဏ်ပုဒ်သည် မုအ်မင်န်မှတစ်ပါး အခြားမည်သူ့အတွက်မျှ မရှိချေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ထို့သို့ ကျေးဇူးတင်ခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ်ရရှိသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးဆုလာဘ်ကို မျှော်ကိုးသည်။ ထိုသို့ဖြင့် သည်းခံခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ် ရရှိပြန်သည်။ သို့ဖြစ်၍ ထိုမုအ်မင်န်သည် အခြေအနေတိုင်းတွင် အကျိုးဆုလာဘ်ရရှိသူသာ ဖြစ်နေပေတော့သည်။

فوائد الحديث

ပျော်ရွှင်ဖွယ်ကိစ္စအပေါ် ကျေးဇူးတင်ခြင်းနှင့် ပြင်းထန်သော ဘေးဒုက္ခအပေါ် သည်းခံခြင်း၏ အကျိုး

ကျေးဇူး။ မည်သူမဆို ထိုသို့ပြုမူပါက လောကီလောကုတ္တရာ နှစ်ဌာနစလုံး၏ ကောင်းကျိုးချမ်းသာကို ရရှိမည်ဖြစ်သည်။ သို့ရာတွင် နိအ်မသ်တော်များအပေါ် ကျေးဇူးမတင်ခြင်းနှင့် ဘေးဒုက္ခကို သည်းမခံခြင်းတို့သည် ထိုသူအား အကျိုးဆုလာဘ်မှ လွတ်ကင်းစေပြီး ဝန်ထုပ်ဝန်ပိုး ( အပြစ် )သာ ရရှိစေမည်ဖြစ်သည်။

အီမာန်ယုံကြည်မှု၏ အကျိုးကျေးဇူးနှင့် အခြေအနေတိုင်းတွင် အကျိုးဆုလာဘ်ရရှိခြင်းသည် အီမာန်ရှင်များအတွက်သာ ဖြစ်သည်။

ပျော်ရွှင်ဖွယ်ကိစ္စရပ်အပေါ် ကျေးဇူးတင်ခြင်းနှင့် ပြင်းထန်သောဒုက္ခအပေါ် သည်းခံခြင်းသည် မုအ်မင်န်များ၏ အချင်းလက္ခဏာများထဲမှ ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ အမိန့်ဆုံးဖြတ်ချက်နှင့် သက်ဒီရ်သတ်မှတ်ချက်အပေါ် ယုံကြည်မှုသည် မုအ်မင်န်အား သူ့၏အခြေအနေအားလုံးအပေါ် အပြည့်အဝ ကျေနပ်နှစ်သိမ့်မှု ရှိစေသည်။ ဤသည်မှာ မုအ်မင်န်မဟုတ်သူနှင့် ကွာခြားချက်ဖြစ်သည်။ မုအ်မင်န်မဟုတ်သူသည် သူ့အား ဒုက္ခဆိုက်ရောက်ပါက အမြဲတမ်း မကျေမနပ်ဖြစ်နေတတ်ပြီး၊ အကယ်၍ အလ္လာဟ်အရှင်မြတ်ထံတော်မှ နိအ်မသ်ကျေးဇူးတော်တစ်စုံတစ်ရာ ရရှိခဲ့လျှင်လည်း ၎င်းဖြင့် လုံးပန်းနေရင်း အလ္လာဟ်အရှင်မြတ်၏အမိန့်နာခံမှုမှ လွဲချော်နေတတ်ပြီး၊ ထိုထက်ပို၍ဆိုးသည်မှာ ထိုနိအ်မသ်ကျေးဇူးတော်ကို အလ္လာဟ်အမိန့်တော်ကို ဖီဆန်ရာတွင် သုံးစွဲမိတတ်သည်။

التصنيفات

စိတ်နှလုံးသားများကို ပြုပြင်ခြင်း။