إعدادات العرض
အသင်တို့သည် မုချဧကန် မိမိတို့မတိုင်မီ ရှိခဲ့ကြသောသူတို့၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်။ တစ်ထွာချင်း…
အသင်တို့သည် မုချဧကန် မိမိတို့မတိုင်မီ ရှိခဲ့ကြသောသူတို့၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်။ တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့သည် မုချဧကန် မိမိတို့မတိုင်မီ ရှိခဲ့ကြသောသူတို့၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်။ တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း ( ထပ်တူထပ်မျှ ဖဝါးခြေထပ်) လိုက်ကြလိမ့်မည်။ ထိုသူတို့သည် ဖွတ်တွင်းထဲသို့ ဝင်ခဲ့ကြလျှင်ပင် အသင်တို့သည် ထိုတွင်းထဲသို့ လိုက်ဝင်ကြပေလိမ့်မည်။'' ထိုအခါ ကျွန်ုပ်တို့က ''အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ထိုသူတို့ဆိုသည်မှာ) ယဟူဒီ (ဂျူး)များနှင့် နစ်ွရာနီ(ခရစ်ယာန်)များကို ဆိုလိုခြင်းဖြစ်ပါသလား''ဟု မေးမြန်းလျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က '' ( ၎င်းတို့မဟုတ်ရင် ) အခြားမည်သူဖြစ်မည်နည်း'' ဟု မိန့်ကြားတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Кыргызча Yorùbá ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ နောက်ပိုင်းကာလတွင် မိမိ၏အွမ္မသ်သားများအနက် အချို့၏အခြေအနေသည် ယဟူဒီများနှင့် နစ်ွရာနီများ၏ ယုံကြည်ချက်များ၊ လုပ်ရပ်များ၊ ထုံးတမ်း စဉ်လာများနှင့် ဓလေ့ထုံးတမ်းများကို တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း ( ထပ်တူ ထပ်မျှ ဖဝါး ခြေထပ်) လိုက်ကြလိမ့်မည်ဖြစ် ကြောင်း၊ နောက် ဆုံး ထိုသူတို့သည် ဖွတ်တွင်းထဲသို့ ဝင်ခဲ့ကြလျှင်ပင် ၎င်း ( မွတ်စ်လင်မ် ) တို့သည် ထိုတွင်းထဲသို့ ထိုသူတို့၏ အနောက်မှ လိုက်ဝင်ကြပေလိမ့်မည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။فوائد الحديث
( ဤဟဒီးစ်တော်တွင် ) တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏နဗီဖြစ်ကြောင်း သက်သေလက္ခဏာတစ်ရပ်ပါ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ယင်း ( ယဟူးဒ်၊ နစ်ွရာနီရဲ့နောက်ကို ဖဝါးခြေထပ်လိုက်ခြင်း )
အချက်ကို ဖြစ်ပျက်မည့်အချိန်မတိုင်မီ အသိပေးပြောကြားခဲ့ပြီး ပြောကြားခဲ့သည့်အတိုင်း ဖြစ်ပျက်ခဲ့သောကြောင့်ဖြစ်သည်။
မွတ်စ်လင်မ်များအား ကာဖိရ်များနှင့် တူအောင်ပြုမူ ခြင်းမှ တားမြစ်ထားသည်။ တူအောင်ပြုမှုခြင်းဟုဆိုရာတွင် ၎င်းတို့၏ယုံကြည်ချက်များ၊ ကိုးကွယ်မှုများ၊ ပွဲတော်များ သို့မဟုတ် ၎င်းတို့၏ သီးသန့် ( ဘာသာရေး )ဝတ်စားဆင်ယင်မှုများ အားလုံးတွင် တူအောင်ပြုမှုနေထိုင်ခြင်းကို ဆိုလိုသည်။
စိတ်ကူးယဉ်အရာများကို ရုပ်လုံးဖော်ဥပမာများဖြင့် ရှင်းလင်းတင်ပြခြင်းသည် အစ္စလာမ်သာသနာရှိ သင်ကြားရေးနည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။
ضب ( ဖွတ် )ဆိုသည်မှာ အလွန်မှောင်မိုက်ပြီး အနံ့ဆိုးရွားသော တွင်းထဲတွင် နေထိုင်သည့် သတ္တဝါတစ်မျိုးဖြစ်ကာ တွားသွားသတ္တဝါမျိုးဖြစ်ပြီး သဲကန္တာရများတွင် အများအပြားတွေ့ရှိရသည်။ ဖွတ်၏တွင်းကို သီးသန့်ရွေးချယ်ဖော်ပြရသည့် အကြောင်းရင်းမှာ ၎င်း၏ကျဉ်းမြောင်းမှုနှင့် ယုတ်ညံ့မှုကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပါလျှက်နှင့်ပင်(၎င်းတို့သည် ကာဖိရ်များ၏ခြေရာကိုလိုက်ခြင်း၊ သူတို့၏နည်းလမ်းများကို လိုက်နာခြင်းကြောင့် ) ထိုကဲ့သို့သော ကျဉ်းမြောင်းယုတ်ညံ့သည့်နေရာသို့ ကာဖိရ်များဝင်ခဲ့လျှင် သူတို့သည်လည်း သဘောတူ ( လိုက်ဝင် )ကြလိမ့်မည်။ အလ္လာဟ်အရှင်မြတ်ထံမှသာ ကူညီစောင်မှုကိုတောင်းခံပါသည်။
