အပေါ်ကလက်သည် အောက်က လက်ထက် သာပို၍ကောင်းသည်

အပေါ်ကလက်သည် အောက်က လက်ထက် သာပို၍ကောင်းသည်

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လှူဒါန်းခြင်း၊ တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် တောင်းရမ်းခြင်းနှင့်ပတ်သတ်၍ မင်န်ဗရ်(တရားဟောပလ္လင်)ပေါ်၌ ဤသို့ မိန့်ကြားတော်မူသည်။ “အပေါ်ကလက်သည် အောက်က လက်ထက် သာပို၍ကောင်းသည်။အပေါ်ကလက်ဆိုသည်မှာ ပေးကမ်းလှူဒါန်းသည့် လက်ဖြစ်ပြီး၊ အောက်ကလက်ဆိုသည်မှာ တောင်းရမ်းသည့် လက်ကို ခေါ်ဆိုသည်”။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်တွင် တရား ဟောတော်မူစဉ်လှူဒါန်းခြင်းနှင့် တောင်းရမ်းခြင်းမှရှောင်ကြဉ်ခြင်း အကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် ဤသို့ ဆက်လက် မိန့်ကြားတော်မူခဲ့သည်- ပေးကမ်းလှူဒါန်းသော အပေါ်လက်သည် တောင်းရမ်းသော အောက်လက်ထက် အလ္လာဟ်အရှင်မြတ်အထံတော်၌ သာပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်တော်မူခြင်းကို ခံရသည်။

فوائد الحديث

(ဤဟဒီးဆ်တွင်) ကောင်းမှုကုသိုလ်များအတွက် ပေးကမ်းလှူဒါန်းခြင်း၏ အကျိုးကျေးဇူးနှင့် (သူတစ်ပါးထံ) တောင်းရမ်းခြင်းအား ရှုံချထားခြင်းကို ဖော်ပြထားသည်။

(ဤဟဒီးဆ်တွင်) (သူတစ်ပါးထံ) တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ရန်၊ လူသားများထံမှ ကင်းကွာပြီး မိမိဘာသာ ပြည့်စုံအောင် နေထိုင်ရန် တိုက်တွန်းထားပြီး၊ မြင့်မြတ်သောအရာများကို ဆောင်ရွက်ရန် နှင့် ယုတ်ညံ့သောအရာများကို ရှောင်ကြဉ်ရန် လှုံဆော်ထားသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သောအရာများကို နှစ်သက်တော်မူသည်။

လက်များသည် ထူးကဲမြင့်မြတ်မှုအားဖြင့် လေးမျိုးရှိသည်။ ၎င်းတို့၏ အဆင့်အတန်းမှာ အောက်ပါအတိုင်းဖြစ်သည်-

· အမြင့်ဆုံးမှာ ပေးကမ်းလှူဒါန်းသော လက်၊

· ထို့နောက် (သူတစ်ပါးထံမှ) မယူဘဲ ရှောင်ကြဉ်သော လက်၊

· ထို့နောက် (သူတစ်ပါးထံ) မတောင်းဘဲ ရသောလက်၊

· ထို့နောက် အနိမ့်ဆုံးဖြစ်သော (သူတစ်ပါးထံ) တောင်းရမ်းသောလက် ဖြစ်သည်။

التصنيفات

နဖ်လ် အလှူဒါန။, အသုံးစရိတ်များ။