မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျိဟာဒ်ပြုနေစဉ်ကာလအတွင်း) ၌ ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင်…

မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျိဟာဒ်ပြုနေစဉ်ကာလအတွင်း) ၌ ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။

အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ "မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျိဟာဒ်ပြုနေစဉ်ကာလအတွင်း) ၌ ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုနှင့် အကျိုးဆုလာဘ်ကို မျှော်ကိုးလျှက် စိတ်ရင်း‌စေတနာဖြူစင်စွာဖြင့် ဂျိဟာဒ်ပြုလုပ်‌နေစဉ်ကာလအတွင်း ( အချို့က ဂျိဟာဒ်ပြုလုပ်‌နေစဉ်ကာလနှင့် အခြားသောကာလများတွင်ဟူ၍လည်း ဆိုကြသည်) ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ထိုသူနှင့် ဂျဟန္နမ်ငရဲမီးအကြား နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။

فوائد الحديث

၁။ အိမာမ်နဝဝီက ဤသို့ဆိုသည်- ဤဟဒီးစ်တော်သည် ဂျိဟာပြုလုပ်နေစဉ်ကာလအတွင်း ရိုဇာစောင့်ထိန်းခြင်း၏ မြင့်မြတ်မှုကို‌ဖော်ပြသည်။ သို့ရာတွင် ဤမြင့်မြတ်မှုသည် ရိုဇာစောင့်ထိန်းခြင်းကြောင့် မိမိကိုယ်ကို အန္တရာယ်မဖြစ်စေသောသူ၊ တာဝန်ဝတ္တရားတစ်ခုခုကို ကျေပြွန်ရာတွင် လစ်ဟင်းမှုမရှိသူ၊ ၊ စစ်တိုက်ခြင်း သို့မဟုတ် စစ်မက်ဆိုင်ရာ အရေးကြီးကိစ္စရပ်များကို မထိခိုက်စေသောသူများအတွက်သာ လျှင် ဖြစ်သည်။

၂။ နဖိလ်ရိုဇာဥပုသ်များစောင့်ထိန်းရန် တိုက်တွန်းနှိုးဆော်ထားခြင်း။

၃။ ရိုဇာဥပုသ်စောင့်ထိန်းရာတွင် အိခ်လားစ် (အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ရည်စူးပြုလုပ်ခြင်း) ရှိရန် နှင့် အလ္လာဟ်အရှင်မြတ်၏ လိုလားနှစ်သက်မှုကို မျှော်ကိုးရန် အရေးကြီးသည်။ ရိယာပြစားလိုသောကြောင့် ဖြစ်စေ၊ ကျော်ကြားလိုသောကြောင့်ဖြစ်စေ၊ အခြားသော ရည်ရွယ်ချက်များအတွက်ဖြစ်စေ ရိုဇာဥပုသ်စောင့်ထိန်းခြင်း မပြုရ။

၄။ အိမာမ်ဆင်န်ဒီက ဆိုသည်မှာ - ဟဒီးစ်တော်လာ "ဖီ စဗီးလစ်လ္လာဟ် (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌)" ဟူသော စကားလုံး၏ အဓိပ္ပာယ်နှစ်မျိုး ရှိနိုင်သည်- တစ်မျိုးမှာ နီယသ်ရည်စူးချက်ကိုသာ ကောင်းမွန်အောင် ပြုပြင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ နောက်တစ်မျိုးမှာ စစ်တိုက်နေစဉ်အတွင်း ရိုဇာဥပုသ်စောင့်ထိန်းခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဒုတိယအဓိပ္ပာယ်မှာ ပို၍ ထင်ရှားသည်။

၅။ အိဗ်နုဟဂျရ်က ဟဒီးစ်တော်လာ (سبعين خريفًا) "စဗ်အီးန ခရီးဖန် (အနှစ်ခုနစ်ဆယ်)" ဟူသော စကားနှင့် ပတ်သက်၍ ဤသို့ဆိုသည်။ ခရီးဖ်ဆိုသည်မှာ နှစ်တစ်နှစ်တာ၏ သိရှိထားပြီးဖြစ်သော အချိန်ကာလတစ်ခု (ဆောင်းဦးရာသီ) ဖြစ်သော်လည်း ဤနေရာတွင် ရည်ရွယ်ချက်မှာ "နှစ်" ကိုပင် ဆိုလိုသည်။ ဤနေရာတွင် နှစ်၏ အခြားသော ရာသီများဖြစ်သည့် နွေရာသီ၊ ဆောင်းရာသီနှင့် နွေဦးရာသီ စသည်တို့ကို ချန်လှပ်ထားပြီး ခရီးဖ် (ဆောင်းဦးရာသီ) ကို အထူးပြု ဖော်ပြခြင်းမှာ ဆောင်းဦးရာသီသည် သစ်သီးဝလံများ ဆွတ်ခူးရသော ရာသီဖြစ်ခြင်းကြောင့် သန့်ရှင်းစင်ကြယ်မှုအရှိဆုံး (ဗရ်ကသ်မင်္ဂလာအရှိဆုံး) ရာသီဖြစ်သောကြောင့် ဖြစ်သည်။

التصنيفات

နဖ်လ်ဆွိယာမ်။