ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက…

ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ ‌အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။

အစ်ဗ်နု အဇ်ဟရ် သူကောင်းပြုခဲ့‌ သော အဗူအိုဗိုင်းဒ်က ဆင့်ပြန်ခဲ့သည်။ "ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ ‌အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီးဒုလ်ဖိသိရ် နှင့် အီးဒုလ်အဿ်ွဟာနေ့၌ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည်။ အီးဒုလ်ဖိသိရ်ဆိုသည်မှာ ရမဿွာန်လ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ ဖြစ်ပြီး၊ ‌အီးဒုလ်အဿ်ွဟာဆိုသည်မှာကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ ဖြစ်သည်။

فوائد الحديث

အီးဒ် ရက်နှစ်ရက် (အီးဒုလ်ဖိသိရ် နှင့် အီးဒုလ်အဿ်ွဟာ) နှင့် အိုင်ယာမေသရှ်ရီးက် ( ဇုလ်ဟဂျ်လ ၁၁/ ၁၂ / ၁၃ ) နေ့ရက်များ၌ ရိုဇာဥပုသ်စောင့်ထိန်းခြင်းသည် ဟရာမ်တားမြစ်ထားသည်။အဘယ်ကြောင့်ဆိုသော် ယင်း (ဇုလ်ဟဂျ်လ ၁၁/ ၁၂ / ၁၃) နေ့ရက်များသည် အီးဒုလ်အဿ်ွဟာနေ့နှင့် တစ်ဆက်တည်း ဆက်နေသော

ကြောင့်ဖြစ်သည်။ သို့သော် ကုရ်ဗာနီသားကောင် မရရှိသော( ဟာဂျီ ) သည် အိုင်ယာမေသရှ်ရီးက် ( ဇုလ်ဟဂျ်လ ၁၁/ ၁၂ / ၁၃ ) ရက်များတွင် ရိုဇာဥပုသ်စောင့်ထိန်းခွင့်ရှိသည်။

အစ်ဗ်နုဟဂျရ်က ဆိုသည်မှာ - အချို့က ဤနှစ်ရက်ကို (အထက်ပါအတိုင်း) ဖော်ပြခြင်း၏ အကျိုးကျေးဇူးမှာ ၎င်းရက်နှစ်ရက်တွင် ရိုဇာဥပုသ်မစောင့်ရခြင်း၏ အကြောင်းရင်းကို ညွှန်ပြရန်ဖြစ်သည်ဟု ဆိုကြသည်။ ယင်းအကြောင်းရင်းမှာ (အီးဒုလ်ဖိသိရ်နေ့အတွက်) ရမဿွာန်လ၏ ရိုဇာဥပုသ်မှ ခွဲထွက်ခြင်း (ဥပုသ်ပြီးဆုံးခြင်း) နှင့် ၎င်းနောက်တွင် ရိုဇာစောင့်ထိန်းခြင်းမပြုဘဲ ထိုနေ့ကို သီးခြားဂုဏ်ပြုခြင်းဖြင့် ရိုဇာဥပုသ်၏ ပြီးပြည့်စုံမှုကို ပြသရန်ဖြစ်သည်။ အခြားတစ်ရက်မှာ အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ကုရ်ဗာနီပြုလုပ်ခြင်းဖြစ်ပြီး ယင်းကုရ်ဗာနီသား‌ကောင်ကို ဇဗဟ်ပြုလုပ်ကာ ၎င်းမှ အသားကို စားသုံးရန်ဖြစ်သည်။

ခသွီးဗ် (တရားဟောဆရာ)က မိမိ၏ ခွသ်ဗဟ် (ဟော

ပြောချက်)တွင် ထိုအချိန်နှင့် သက်ဆိုင်သော အမိန့်များကို ဖော်ပြခြင်းနှင့် အခါအခွင့်သင့်သည်များကို ရှာဖွေဖော်ပြခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။

ကုရ်ဗာနီအသား‌ စားသုံးခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

التصنيفات

ဆွိယာမ်စောင့်ထိန်းသူအတွက် မပြုပိုင်သောအရာများ။