إعدادات العرض
မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး…
မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး သေဆုံးခဲ့ပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏သေခြင်းမျိုးဖြင့် သေဆုံးခြင်းဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး သေဆုံးခဲ့ပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏သေခြင်းမျိုးဖြင့် သေဆုံးခြင်းဖြစ်သည်။ မည်သူမဆို (အမှားအမှန် ခွဲခြားနိုင်ခြင်းမရှိသော) မျက်ကန်းမျိုးချစ် အလံအောက်မှ လူမျိုးစွဲဖြင့် အမျက်ထား တိုက်ခိုက်မည်။ သို့မဟုတ် လူမျိုးစွဲထားရန် ဖိတ်ခေါ်မည်။ သို့မဟုတ် လူမျိုးစွဲထားခြင်းကို အကူအညီပေးပြီး အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရပြီး သေဆုံးသကဲ့သို့ဖြစ်သည်။ အကြင်သူသည် ငါ၏အွမ္မသ်သားတို့ကို ဆန့်ကျင်ပုန်ကန်ပြီး လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မည်။ မုအ်မင်န် ယုံကြည်သူများကို ရှောင်ရှားခြင်းလဲမရှိ၊ (အသက်ကို ကာကွယ်မှုပေးရန်) ကတိကဝတ် ပြုထားသူများ၏ ကတိကိုလည်း လိုက်နာစောင့်ထိန်းခြင်းလဲမရှိခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ နောက်လိုက် မဟုတ်သလို ငါကိုယ် တော်သည်လည်း ထိုသူနှင့် မသက်ဆိုင်ပေ။
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو हिन्दी 中文 বাংলা ئۇيغۇرچە Español Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල ไทย 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands Hausa دری Кыргызча Lietuvių Kinyarwanda नेपाली or ಕನ್ನಡ Oromoo Română Soomaali Српски Wolof Українська Tagalog Moore Azərbaycan ქართული Magyar Deutsch Македонски bm አማርኛالشرح
တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို အာဏာပိုင် ခေါင်းဆောင်များ၏ အမိန့်နာခံမှုကို စွန့်လွှတ်ကာ အိမာမ် ခေါင်းဆောင်တစ်ဦးအပေါ် တစ်စုတစ်စည်းတည်း သစ္စာခံထားသော မွတ်စ်လင်မ်ဂျမာအသ်မှ ခွဲထွက်ပြီး ထိုသို့ အမိန့်မနာခံမှု၊ ခွဲထွက်မှု အခြေအနေမျိုး၌ပင် သေဆုံးသွားပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်ရှိသူများ သေဆုံးသကဲ့သို့ သေဆုံးသွားခြင်းပင်ဖြစ်သည်။ ထိုခေတ်ကာလ၌ ရှိသူများသည် အိမာမ် ခေါင်းဆောင်အား နာခံခြင်းမရှိ၊ ဂျမာအသ် အုပ်စုအဖြစ် တစ်စုတစ်စည်းတည်း နေထိုင်ခြင်းမရှိကြဘဲ အချင်းချင်းတိုက်ခိုက်နေသော အုပ်စုများသာ ဖြစ်ခဲ့ကြသည်။ ။ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက်မိန့်ကြားတော်မူသည်မှာ မည်သူမဆို အမှားအမှန်မကွဲပြားသော အလံအောက်မှ တိုက်ခိုက်မည်။ သာသနာအတွက်၊ အမှန်တရားအတွက် မဟုတ်ဘဲ လူမျိုးစွဲ၊ မျိုးနွယ်စွဲကြောင့် အမျက်ဒေါသထားမည်။ ထို့ပြင် အသိပညာနှင့် သက်သေအထောက်အထားမရှိဘဲ တစ်ယူသန်ဝါဒဖြင့် တိုက်ခိုက်ရင်း ထိုအခြေအနေမျိုး၌ပင် အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရပြီး သေဆုံးသကဲ့သို့ဖြစ်သည်။ မည်သူမဆို တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အွမ္မသ်သားတို့ကို ဆန့်ကျင်ပုန်ကန်ပြီး လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မည်။ မိမိလုပ်ရပ်များအပေါ် ဂရုစိုက်ခြင်းမရှိ၊ မုအ်မင်န်တို့အား သတ်ဖြတ်သည့်အတွက် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနှင့် ပြစ်ဒဏ်များကိုလည်း ကြောက်ရွံ့ခြင်းမရှိ၊ အသက်ကို ကာကွယ်မှုပေးရန် ကတိကဝတ်ပြုထားသော ဘာသာခြားများနှင့်သက်ဆိုင်သည့် ကတိကိုလည်း လိုက်နာစောင့်ထိန်းခြင်းမရှိ၊ အုပ်ချုပ်သူ အာဏာပိုင်များနှင့် သက်ဆိုင်သည် ပဋိညာဉ်ကိုလည်း ချိုးဖောက်ပါက ထိုလုပ်ရပ်သည် ကြီးလေးသော ပြစ်မှုဒုစရိုက်ဖြစ်ပြီး မည်သူမဆို ထိုသို့လုပ်ပါက ဤပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ထိုက်တန်သွားမည်ဖြစ်သည်။فوائد الحديث
အလ္လာဟ့်အမိန့်ဖီဆန်သည့် ကိစ္စမျိုးမှလွဲ၍ ကျန်ကိစ္စများတွင် အာဏာပိုင် ခေါင်းဆောင်များ၏ အမိန့်ကိုနာခံရန် တာဝန်ရှိသည်။
ဤဩဝါဒတော်တွင် အိမာမ် ခေါင်းဆောင်၏ အမိန့်ကိုမနာခံသူ၊ မွတ်စ်လင်မ် ဂျမာအသ်မှ ခွဲထွက်သူတို့နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည်။ အကယ်၍ ၎င်းသည် ထိုအခြေအနေ၌ပင် ကွယ်လွန်ခဲ့ပါက အစ္စလာမ်မတိုင်မီ အမိုက်ခေတ်ရှိသူများ၏ လမ်းစဉ်ပေါ်တွင် သေဆုံးခြင်းပင်ဖြစ်သည်။
ဟဒီးဆ်တော်တွင် လူမျိုးစွဲဖြင့် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။
ကတိကဝတ်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။
အမိန့်နာခံခြင်း၊ ဂျမာအသ်နှင့်အတူရှိနေခြင်းတို့တွင် ကောင်းခြင်းများ၊ လုံခြုံစိတ်ချရမှု၊ စိတ်နှလုံး အေးချမ်းမှုနှင့် အခြေအနေကောင်းများရှိသည်။
အစ္စလာမ်မတိုင်မီ အမိုက်ခေတ်ရှိသူများ၏ အခြေအနေများကို အတုခိုးခြင်းအား တားမြစ်ထားသည်။
မွတ်စ်လင်မ် ဂျမာအသ်နှင့်အတူနေရန် အမိန့်ပေးထားသည်။