إعدادات العرض
အသင်တို့ ”လေ” ကို မကောင်းမပြောကြလေနှင့်။ သင်တို့ မနှစ်သက်သောအရာကို တွေ့မြင်သောအခါ ဤဒုအာကို ဖတ်လော့။ …
အသင်တို့ ”လေ” ကို မကောင်းမပြောကြလေနှင့်။ သင်တို့ မနှစ်သက်သောအရာကို တွေ့မြင်သောအခါ ဤဒုအာကို ဖတ်လော့။ «اللَّهُمَّ إِنَّا نَسْأَلُكَ مِنْ خَيْرِ هَذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وَخَيْرِ مَا أُمِرَتْ بِهِ، وَنَعُوذُ بِكَ مِنْ شَرِّ هَذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ». (“အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် ဤလေ၏ကောင်းကျိုး၊ ၎င်းလေအတွင်း၌ရှိသော ကောင်းကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ကောင်းကျိုးကို အရှင်မြတ်ထံတော်မှ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တော်မျိုးတို့သည် ဤလေ၏ ဆိုးကျိုး၊ ၎င်းလေအတွင်း၌ရှိသော ဆိုးကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ဆိုးကျိုးမှ အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏။)
အုဗိုင်ယ် ဗင်န် ကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ ”လေ” ကို မကောင်းမပြောကြလေနှင့်။ သင်တို့ မနှစ်သက်သောအရာကို တွေ့မြင်သောအခါ ဤဒုအာကို ဖတ်လော့။ «اللَّهُمَّ إِنَّا نَسْأَلُكَ مِنْ خَيْرِ هَذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وَخَيْرِ مَا أُمِرَتْ بِهِ، وَنَعُوذُ بِكَ مِنْ شَرِّ هَذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ». (“အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် ဤလေ၏ကောင်းကျိုး၊ ၎င်းလေအတွင်း၌ရှိသော ကောင်းကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ကောင်းကျိုးကို အရှင်မြတ်ထံတော်မှ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တော်မျိုးတို့သည် ဤလေ၏ ဆိုးကျိုး၊ ၎င်းလေအတွင်း၌ရှိသော ဆိုးကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ဆိုးကျိုးမှ အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏။)
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Yorùbá Magyar ქართული Moore ไทย Македонски తెలుగు मराठी Українська ਪੰਜਾਬੀ دری አማርኛ Malagasy ភាសាខ្មែរ ಕನ್ನಡ پښتو Svenska Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လေကို မကောင်းပြောခြင်း သို့မဟုတ် ကျိန်ဆဲခြင်းမှ တားမြစ်တော်မူခဲ့သည်။ အကြောင်းမှာ လေသည် ၎င်းကို ဖန်ဆင်းတော်မူသော အရှင်၏ အမိန့်ပေးခြင်းခံရသော အရာတစ်ခုဖြစ်ပြီး ကရုဏာတော်နှင့် ပြစ်ဒဏ်၏ (လေ) နှစ်မျိုးလုံးကို သယ်ဆောင်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လေကို မကောင်းပြောခြင်းသည် လက်တွေ့တွင် ၎င်းကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကို မကောင်းပြောရာရောက်ပြီး အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်အပေါ် မကျေနပ်ရာရောက်သည်။ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လေကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ပြန်လည်ဦးလှည့်ကာ လေ၏ကောင်းကျိုး၊ ၎င်း၌ရှိသော ကောင်းကျိုးနှင့် မိုးရွာစေခြင်း၊ ဝတ်မှုန်ကူးခြင်းကို သယ်ဆောင်ခြင်း စသည့် လေအား စေလွှတ်ခံရသည့်အတိုင်း ဆောင်ရွက်ခြင်း၏ ကောင်းကျိုးကို တောင်းခံရန်နှင့် ၎င်း၏ ဆိုးကျိုး၊ ၎င်း၌ရှိသော ဆိုးကျိုးနှင့် အပင်များ၊ သစ်ပင်များ ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များသေကျေပျက်စီးခြင်း၊ အဆောက်အဦများကို ပြိုလဲစေခြင်း စသည့် လေအား စေလွှတ်ခံရသည့်အတိုင်း ဆောင်ရွက်ခြင်း၏ ဆိုးကျိုးမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရန် လမ်းညွှန်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်ထံ ဤအရာများကို တောင်းခံခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် ကျွန်ပီသကြောင်းကို ဖော်ပြရာရောက်သည်။فوائد الحديث
၁။ လေကို မကောင်းပြောဆိုခြင်းမှ တားမြစ်ထားခြင်း။ အကြောင်းမှာ လေသည် စီမံခန့်ခွဲခံရသော (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း လိုက်နာကျင့်သုံးနေသော) ဖန်ဆင်းခံတစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းကို မကောင်းပြောဆိုခြင်းသည် ၎င်းကို ဖန်ဆင်းတော်မူပြီး စီမံခန့်ခွဲတော်မူသော အရှင်ကိုပင် မကောင်းပြောဆိုရာရောက်သဖြင့် သောင်ဟီးဒ်တရားတွင် ချို့ယွင်းမှုဖြစ်စေသည်။
၂။ အလ္လာဟ်အရှင်မြတ်ဘက်သို့ ပြန်လည်ဦးလှည့်ခြင်းနှင့် ဖန်ဆင်းခံများ၏ ဆိုးကျိုးမှ အရှင့်ထံ ခိုလှုံခွင့်တောင်းခံခြင်း။
၃။ လေသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ တစ်ခါတစ်ရံ ကောင်းကျိုးကိုလည်းကောင်း၊ တစ်ခါတစ်ရံ ဆိုးကျိုးကိုလည်းကောင်း သယ်ဆောင်လာတတ်သည်။
၄။ ရှိုင်ခ်ဗင်န်ဘာဇ်က ဆိုသည်- လေကို မကောင်းပြောဆိုခြင်းသည် အပြစ်ရှိသော လုပ်ရပ်ဖြစ်သည်။ အကြောင်းမှာ လေသည် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးလုံးဖြင့် စေလွှတ်ခံရသော စီမံခန့်ခွဲခံ ဖန်ဆင်းခံတစ်ခု ဖြစ်သည်။ ထို့ကြောင့် လေကို မကောင်းပြောဆိုခြင်း မပြုအပ်သလို “လေကို အလ္လာဟ်အရှင်မြတ် ကျိန်ဆဲတော်မူပါစေ” “လေကို အလ္လာဟ်အရှင်မြတ် ဖျက်ဆီးတော်မူပါစေ” “ဤလေ၌ ကောင်းချီးမင်္ဂလာ မရှိပါစေနှင့်” သို့မဟုတ် ယင်းနှင့်တူသော အခြားစကားများကိုလည်း မပြောဆိုအပ်ပေ။ ယင်းအစား မုအ်မင်န်ယုံကြည်သူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) လမ်းညွှန်တော်မူခဲ့သည့်အတိုင်း ဆောင်ရွက်ရမည်။
၅။ အပူ၊ အအေး၊ နေ၊ ဖုန်မှုန့် စသည့် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံများနှင့် အရှင်မြတ်၏ စီမံခန့်ခွဲမှုအောက်ရှိ အခြားအရာများနှင့် ပတ်သက်၍လည်း မကောင်းပြောဆိုခြင်းမပြုရန် တားမြစ်ချက်ကို လေနှင့် နှိုင်းယှဉ်၍ သုံးသပ်နိုင်သည်။
