إعدادات العرض
အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင်…
အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင် ငါကိုယ်တော့်အား ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ် ဆွလာသ် မပို့သခဲ့ ပေ။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် လမြတ်ရမဿွာန်နှင့် ကြုံကြိုက်ပါလျက် ခွင့်လွှတ်ခြင်းမခံရခင်အလျှင် ထိုလမြတ်သည် ကုန်လွန်သွားခဲ့သည်။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သုခဘုံသို့ မဝင်ရောက်စေနိုင်ခဲ့ပေ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင် ငါကိုယ်တော့်အား ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ် ဆွလာသ် မပို့သခဲ့ ပေ။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် လမြတ်ရမဿွာန်နှင့် ကြုံကြိုက်ပါလျက် ခွင့်လွှတ်ခြင်းမခံရခင်အလျှင် ထိုလမြတ်သည် ကုန်လွန်သွားခဲ့သည်။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သုခဘုံသို့ မဝင်ရောက်စေနိုင်ခဲ့ပေ။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українська ភាសាខ្មែរ ಕನ್ನಡ پښتو Svenska Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သုံးမျိုးသောသူတို့အား အရှက်တကွဲ၊ အကျိုးနည်းခြင်း၊ ဆုံးရှုံးခြင်းတို့ဖြင့် ၎င်းတို့၏ နှာခေါင်းများကို မြေကြီးနှင့် လူးထိနေစေရန် ကျိန်ဆဲတော်မူခဲ့သည်။ ပထမအမျိုးအစား- မိမိ၏ရှေ့မှောက်တွင် ကိုယ်တော့်အား ဖော်ပြခံရသော်လည်း ကိုယ်တော့်အပေါ် ဆွလာသ် မပို့သသူ (ဥပမာ - 'ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်' စသဖြင့် မရွတ်ဆိုသူ) ဖြစ်သည်။ ဒုတိယအမျိုးအစား- လမြတ်ရမဿွာန်ကို ကြုံကြိုက်ပါလျှက်နှင့် ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် လစ်ဟင်းမှုကြောင့် လမြတ်ရမဿွာန်ကုန်ဆုံးသွားသော်လည်း အပြစ်များခွင့်လွှတ်ခြင်းမခံရသူ ဖြစ်သည်။ တတိယအမျိုးအစား- မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ၎င်းတို့အား မနာခံမှု၊ ၎င်းတို့၏ ရပိုင်ခွင့်များကို ကျေပြွန်အောင် မဆောင်ရွက်ပေးနိုင်သည့်အတွက် ထိုမိဘနှစ်ပါးသည် ၎င်း ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်သည့် အကြောင်းခံ မဖြစ်စေနိုင်ခဲ့သူ ဖြစ်သည်။فوائد الحديث
အိမာမ်ဆင်န်ဒီက ဆိုသည်မှာ - အချုပ်အားဖြင့် ဤသူတိုင်းသည် အကယ်၍ လစ်ဟင်းမှု မရှိခဲ့ပါက ကောင်းကျိုး များစွာ ရရှိနိုင်မည့် အခွင့်အရေးမျိုး ကြုံခဲ့ရသူများ ဖြစ်ကြသည်။ သို့သော် လစ်ဟင်းမှုကြောင့် ထိုအခွင့်အရေးများ လက်လွတ်ဆုံးရှုံးသွားသောအခါ သူတို့မှာ ရှုံးနိမ့် ဆုံးရှုံးသူများ ဖြစ်သွားကြသည်။
၁။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နာမတော်ကို ရွတ်ဆိုသည့်အခါတိုင်း ကိုယ်တော့်အပေါ် ဆွလာသ် ပို့သရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
၂။ လမြတ်ရမဿွာန်တွင် အေဗာဒသ်ဝတ်ပြုကိုးကွယ်မှုများအတွက် ပိုမိုကြိုးစားအားထုတ်ရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
၃။ မိဘများအား ကောင်းစွာပြုစုဆက်ဆံရန်အထူးသဖြင့် အိုမင်းမစွမ်းဖြစ်ချိန်တွင် ၎င်းတို့အား ကောင်းစွာ ပြုစုဆက်ဆံရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
