إعدادات العرض
အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ…
အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်သည်။
အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी বাংলা Español Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە Hausa دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Soomaali Moore Українська Български Tagalog Wolof Azərbaycan ქართული тоҷикӣ bm Македонскиالشرح
ဝုဿွူသည် အမွန်မြတ်ဆုံး ခဝပ်ကိုးကွယ်မှုများထဲတွင်ပါဝင်ကြောင်း ဟဒီးဆ်တော်ကညွှန်ပြနေသည်။ ဤဟဒီးဆ်တော်၌လာရှိသည့်ဝုဿွူ၏အကျိုးကုသိုလ်များမှာ အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ၎င်း၏စွန္နသ်၊ မွတ်စ်သဟဗ်စသည့် စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်ကျနစွာပြုလုပ်ခဲ့လျှင် သူ၏ဝုဿွူသည် ၎င်းသူကျူးလွန်ခဲ့သည့် အရှင်မြတ်နှင့် သက်ဆိုင်သည့်တာဝန်ဝတ္တရားအနက် သေးငယ်သောအပြစ်အကုသိုလ်များအား လက်သည်းများအောက်ရှိ အလွန်ပါးလွှာသည့် နေရာများမှပင် ကင်းစင်သွားရန်အတွက် အကြောင်းခံဖြစ်သွားလိမ့်မည်။ ထို့ကြောင့် မွတ်စ်လင်မ်တစ်ဦးသည် မိမိဝုဿွူအား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ရည်စူးချက်ထားရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားထားသည့်“အသင်တို့သည် “ဆွလာသ်” ဝတ်ပြုရန် ထကြသောအခါ မိမိတို့၏ မျက်နှာများကို ဆေးကြောကြလေကုန်။” (စူရဟ် မာအိဒဟ် - ၆) ဟူသော အမိန့်တော်အား အကောင်ထည်ဖော်နေကြောင်း၊ ဝုဿွူပြုရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နောက်လိုက်မှုပြုနေကြောင်း၊ မိမိသည် အကျိုးကုသိုလ်ကို မျှော်လင့်ကြောင်းစိတ်ထဲတွင် အာရုံပြုထားရမည်။ ဤသို့ဖြင့် ၎င်းသည် ဝုဿွူအားကောင်းမွန် ပြည့်စုံအောင်ဆောင်ရွက်လာမည်ဖြစ်သည်။فوائد الحديث
ဝုဿွူ၏ မွတ်စ်သဟဗ်များ၊ ဖရ်ဿ်ွများကို အလေးအနက်ထား သင်ယူရန်နှင့် ထိုအတိုင်းလိုက်နာ ကျင့်သုံးရန် တိုက်တွန်းထားသည်။
ဝုဿွူ၏ မွန်မြတ်မှုနှင့် ၎င်းသည်အကုသိုလ်များကို ပယ်ဖျက်ပေးကြောင်း တင်ပြထားသည်။
အပြစ်အကုသိုလ်များ ကင်းစင်ရန်အတွက် စည်းကမ်းချက်တစ်ခုမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏အွမ္မသ်အား သင်ကြားပြသခဲ့သည့်အတိုင်း ဝုဿွူကိုကောင်းမွန်ကျနစွာ ပြုလုပ်ခြင်းဖြစ်သည်။
ဝုဿွူ၏ ဖရ်ဿ်ွများ၊ စွန္နသ်များနှင့် မွတ်စ်သဟဗ်များကို အလေးအနက်ထား သင်ယူရန်နှင့် ထိုအတိုင်း လိုက်နာကျင့်သုံးရန် တိုက်တွန်းထားသည်။
التصنيفات
ဝုဿွူ၏ ထွတ်မြတ်မှု။