တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက်‌သည့်သွားရှိသော သားရဲတရိစ္ဆာန်များ…

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက်‌သည့်သွားရှိသော သားရဲတရိစ္ဆာန်များ အားလုံးကိုလည်းကောင်း၊ ခြေသည်းချွန်ရှိသော ငှက်များ အားလုံးကိုလည်းကောင်း (စားသုံးခြင်း) မှ ပိတ်ပင်တားမြစ်တော်မူခဲ့သည်။

အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက်‌သည့်သွားရှိသော သားရဲတရိစ္ဆာန်များ အားလုံးကိုလည်းကောင်း၊ ခြေသည်းချွန်ရှိသော ငှက်များ အားလုံးကိုလည်းကောင်း (စားသုံးခြင်း) မှ ပိတ်ပင်တားမြစ်တော်မူခဲ့သည်။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက်‌ သည့်သွားဖြင့် သားကောင်ဖမ်းဆီးတတ်သော သားရဲတိရစ္ဆာန်များ အားလုံးနှင့် ခြေသည်းချွန်ဖြင့် ကိုက်ဖြတ် ဖမ်းဆီးတတ်သော ငှက်များ အားလုံးကို စားသုံးခြင်းမှ တားမြစ်တော်မူခဲ့သည်။

فوائد الحديث

အစ္စလာမ်သာသနာသည် စားသောက်ခြင်းစသည့် ကိစ္စများတွင် စင်ကြယ်သန့်ရှင်းသော အရာများကိုသာ အသုံးပြုရန် အားပေးတိုက်တွန်းထားသည်။

အစားအစာများတွင် ဟလာလ်ဖြစ်ခြင်းသည် အခြေခံမူဖြစ်ပြီး တားမြစ်ချက်ရှိကြောင်း သက်သေအထောက်အထားလာရှိထားသော အရာများကိုသာ ဟရာမ်အဖြစ် သတ်မှတ်သည်။

التصنيفات

စားပိုင်၊ မစားပိုင်သော တိရစ္ဆာန်များနှင့် ငှက်များ။