إعدادات العرض
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်)…
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။
အမ္မရ်ဗင်န်အာမိရ်က အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။ အမ္မရ်ဗင်န်အာမိရ်က အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)အား အသင်တို့မည်သို့ပြုလုပ်ကြသနည်းဟု မေးမြန်းခဲ့ရာ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ ကျွန်တော်တို့ထဲမှ တစ်ဦးယောက်သည် ဝုဿွူမပျက်မချင်း ဝုဿွူတစ်ခုဖြင့်သာ လုံလောက်သွားပေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်း။]
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa తెలుగు Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം Bosanski ಕನ್ನಡ Kurdî Oromoo Română Shqip Soomaali Српски Українська Wolof Moore Tagalog தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Македонски Русский bm አማርኛ Malagasyالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူမပျက်လျှင်လည်း ဖရ်ဿ်ွဆွလာသ်တိုင်းအတွက် ဝုဿွူပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုရခြင်းမှာ အကျိုးကုသိုလ်နှင့် ထွတ်မြတ်မှုကို ရရှိရန်အတွက်ဖြစ်သည်။ ဝုဿွူတစ်ကြိမ်ပြုပြီး ယင်းဝုဿွူရှိနေသမျှ ကာလပတ်လုံး ဖရ်ဿ်ွဆွလာသ်ပေါင်းများစွာ ဝတ်ပြုခွင့်ရှိသည်။فوائد الحديث
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အများအားဖြင့် ဆွလာသ်တိုင်းအတွက် ဝုဿွူပြုလုပ်လေ့ရှိသည်။ ဤသို့ပြုရခြင်းမှာ ပို၍ပြည့်စုံမှုရှိစေရန်အတွက်ဖြစ်သည်။
ဆွလာသ်တိုင်းအတွက် ဝုဿွူပြုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ဝုဿွူတစ်ကြိမ်ပြုပြီး ဆွလာသ်အကြိမ်များစွာ ဆောက်တည်ခွင့်ရှိသည်။
التصنيفات
ဝုဿွူ၏ ထွတ်မြတ်မှု။