إعدادات العرض
မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ…
မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa తెలుగు Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം Bosanski ಕನ್ನಡ Kurdî Română Soomaali Shqip Српски Українська Wolof Tagalog Moore தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Русский Македонски bm አማርኛ Malagasy Oromoo ភាសាខ្មែរالشرح
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အသိဉာဏ်ပြည့်ဝပြီး အရွယ်ရောက်ပြီးသော ‘မွတ်စ်လင်မ်တိုင်းအပေါ်၌ တစ်ပတ်လျှင်တစ်ရက် ရေချိုးရန်တာဝန်ရှိသည်’ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုနေ့တွင် သန့်ရှင်းစင်ကြယ်မှုပြုရန် ရည်ရွယ်ချက်ဖြင့် မိမိ၏ဦးခေါင်းနှင့်အတူ ခန္ဓာကိုယ်ကိုပါ ဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။ အချို့ဆင့်ပြန်ချက်များအရ တစ်ပတ်တာ၏ရက်များအနက် ဂျုမုအဟ်နေ့တွင် ပို၍ရေချိုးသင့်ကြောင်းသိရသည်။ ပမာအားဖြင့် ကြာသာပတေးနေ့တွင် ရေချိုးခဲ့လျှင်လည်း သောကြာနေ့တွင် ဂျုမုအဟ်ဆွလာသ်အလျင် ရေချိုးခြင်းသည် လေးနက်သည့် မွတ်စ်သဟဗ်ဖြစ်သည်။ ဂျုမုအဟ်နေ့ ရေချိုးခြင်း ဝါဂျိဗ်တာဝန် မဟုတ်ကြောင်းကို အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)၏ ဆင့်ပြန်ချက်မှသိရသည်။ ‘လူတို့သည် ကိုယ်စီအသက်မွေးဝမ်းကျောင်းအဖြစ် အလုပ်လုပ်ကိုင်ကြသည်။ ၎င်းတို့သည် ဂျုမုအဟ်ဆွလာသ်ဆောက်တည်ရန် သွားကြသည့်အခါ၌ ၎င်းတို့(အလုပ်တွင်ရှိနေသည့်) အခြေအနေအတိုင်း သွားလေ့ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် သင်တို့ရေချိုးလျှင် ကောင်းမည်ဟု ပြောကြားခြင်းခံရသည်။’ (ဗုခါရီကျမ်း) အခြားဆင့်ပြန်ချက်တစ်ရပ်၌ လာရှိသည်မှာ ‘၎င်းတို့ထံတွင် အနံ့များရှိသည်။’ ဆိုလိုသည်မှာ ချွေးနှင့် အလားတူအနဲ့မျိုးဖြစ်သည်။ ထိုသို့ချွေးအနံ့ရှိနေခြင်းကို ‘သင်တို့ရေချိုးလျှင် ကောင်းမည်’ဟု ပြောကြားခြင်းခံရလျှင် အခြားသူများသည် ပို၍ပင် ရေချိုးရန် တာဝန်ရှိကြသည်။فوائد الحديث
အစ္စလာမ်သာသနာသည် သန့်ရှင်းစင်ကြယ်မှု၊ သန့်ပြန်မှုတို့ကို အလေးထားသည်။
သောကြာနေ့တွင် ဂျုမုအဟ်ဆွလာသ်အတွက် ရေချိုးခြင်းသည် လေးနက်သည့် မွတ်စ်သဟဗ်ဖြစ်သည်။
ဦးခေါင်းသည် ခန္ဓာကိုယ်တွင် ပါဝင်ပြီးဖြစ်သော်လည်း ၎င်းအား အလေးထားရန်အတွက် ထပ်မံတင်ပြထားခြင်းဖြစ်သည်။
မည်သူမဆို လူတို့အား ဒုက္ခဖြစ်စေသည့် အနံ့အသက်ဆိုးများရှိနေပါက ရေချိုးရန် တာဝန်ရှိသည်။
ဂျုမုအဟ်နေ့သည် မွန်မြတ်လှသောကြောင့် ပို၍ အလေးထားကာ ရေချိုးသင့်သည်။
التصنيفات
ရေချိုးခြင်း။