إعدادات العرض
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ( အသင်တို့အဖို့ ) တာဝန်တစ်ချို့ကို သတ်မှတ်ပြဋ္ဌာန်းထားတော်မူပါသည်။…
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ( အသင်တို့အဖို့ ) တာဝန်တစ်ချို့ကို သတ်မှတ်ပြဋ္ဌာန်းထားတော်မူပါသည်။ သို့ဖြစ်ရာ ထိုတာဝန်များကို မမေ့မလျော့ဘဲ ဆောင်ရွက်ပါလေ။ ထို့အပြင်အရှင်မြတ်သည် စည်းမျဥ်းတစ်ချို့ကို ချမှတ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုစည်းမျဥ်းစည်းဘောင်များကို မချိုးဖောက်ကြနှင့်။ အလားတူပင်အရှင်မြတ်သည် တစ်ချို့အရာများကို ဟရာမ်ဟု တားမြစ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုတားမြစ်ချက်များကို မချိုးဖောက်ကြနှင့်။ ထို့ပြင် အရှင်မြတ်သည် တစ်ချို့အရာများနှင့်ပတ်သက်၍ မေ့လျော့၍ မဟုတ်ဘဲ အသင်တို့အား သနားကရုဏာထားသောအနေဖြင့် တိတ်တဆိတ်နေတော်မူခဲ့ပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများနှင့် ပတ်သတ်၍ စူးစမ်းရှာ ဖွေခြင်း မပြုကြနှင့်။
အဗူစအ်လဗဟ် အလ်ခုရှနီ ဂျုရ်စူမ် ဗင်န် နာရှိရ် ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ( အသင်တို့အဖို့ ) တာဝန်တစ်ချို့ကို သတ်မှတ်ပြဋ္ဌာန်းထားတော်မူပါသည်။ သို့ဖြစ်ရာ ထိုတာဝန်များကို မမေ့မလျော့ဘဲ ဆောင်ရွက်ပါလေ။ ထို့အပြင်အရှင်မြတ်သည် စည်းမျဥ်းတစ်ချို့ကို ချမှတ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုစည်းမျဥ်းစည်းဘောင်များကို မချိုးဖောက်ကြနှင့်။ အလားတူပင်အရှင်မြတ်သည် တစ်ချို့အရာများကို ဟရာမ်ဟု တားမြစ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုတားမြစ်ချက်များကို မချိုးဖောက်ကြနှင့်။ ထို့ပြင် အရှင်မြတ်သည် တစ်ချို့အရာများနှင့်ပတ်သက်၍ မေ့လျော့၍ မဟုတ်ဘဲ အသင်တို့အား သနားကရုဏာထားသောအနေဖြင့် တိတ်တဆိတ်နေတော်မူခဲ့ပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများနှင့် ပတ်သတ်၍ စူးစမ်းရှာ ဖွေခြင်း မပြုကြနှင့်။
الترجمة
العربية Español አማርኛ English اردو Indonesia বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் ไทย Deutsch پښتو অসমীয়া Shqip Nederlands ગુજરાતી Кыргызча नेपाली Lietuvių دری Српски тоҷикӣ Kinyarwanda Română Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски ភាសាខ្មែរ Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayuالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တင်ပြထားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည်တာဝန်ဝတ္တရားများကို ပညတ်တော်မူပြီး ဖရဇ်တာဝန်တချို့ကို သတ်မှတ်ပြဌာန်းတော်မူခဲ့၏။ သို့ဖြစ်ရာ ထိုတာဝန်များကို စွန့်လွှတ်ခြင်း သို့မဟုတ် ပေါ့လျော့ခြင်းမပြုဘဲ ကျေပွန်စွာ လိုက်နာဆောင်ရွက်ကြလော့။ အရှင်မြတ်သည် မိမိနှစ်သက် တော်မမူသည့်အရာများမှ အသင်တို့အား ( ထိုအရာများကိုမကျူးလွန်မိစေရန် )တားဆီးပိတ်ပင်တော်မူမည့် စည်းဘောင်များနှင့် တားမြစ်ချက်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားတော်မူ၏။ သို့ဖြစ်ရာ သင်တို့သည် ထိုစည်းဘောင်ထက် လွန်ကျူး၍ ရှရီအသ်တရားတော်က ခွင့်ပြုထားသည်ထက် ပိုမိုဆောင်ရွက်ခြင်း မပြုကြနှင့်။ ထို့ပြင်အရှင်မြတ်သည် အချို့သောအရာများကို ဟရာမ်အဖြစ် ပညတ်တော်မူခဲ့၏။ သို့ဖြစ်ရာ ထိုဟရာမ်ကိစ္စရပ်များကို ကျူးလွန်ခြင်းနှင့်၊ ၎င်းဟရာမ်ကိစ္စရပ်များ၏ အနားသို့ ချဉ်းကပ်ခြင်းမပြုကြလေနှင့်။ ထိုအချက်များမှလွဲ၍အခြားသောအရာများကိုမူ အရှင်မြတ်သည်မိမိ၏ ဗန်ဒဟ်ကျေးကျွန်များအား သနားကရုဏာထားတော်မူသည့်အနေဖြင့် ဆိတ်ဆိတ်နေတော်မူကာ ချန်လှပ်ထားတော်မူခဲ့၏။ သို့ဖြစ်ရာ ထိုကိစ္စရပ်များသည် ၎င်း၏ မူလအမိန့်ဖြစ်သည့် မုဘာဟ် ( ပြုလုပ်ပိုင်ခွင့်ရှိသည့်အမိန့် )အတိုင်း ကျန်ရှိနေ၏။ သို့ဖြစ်၍ အသင်တို့သည် ထိုကိစ္စများနှင့်ပတ်သက်၍ စုံစမ်းရှာဖွေခြင်း မပြုကြနှင့်။فوائد الحديث
စင်စစ် အလ္လာဟ်ရှင်မြတ်သည်သာလျှင် ရှရီအသ်တရားကို ပြဋ္ဌာန်းသူဖြစ်ကြောင်း၊ အမိန့်ညွှန်ကြားခြင်းသည် အရှင်မြတ်၏ လက်တွင်းတွင်သာရှိကြောင်း ဟဒီးစ် ေတာ်က ဖော်ညွှန်းလျှက်ရှိသည်။
ဤဟဒီးစ်တော်တွင် ရှ ရီအသ်တရားတော်၏ အခြေခံမူများကို တားမြစ်ချက်နှင့် ခွင့်ပြုချက်အဖြစ် ထည့်သွင်းဖော်ပြထား၏။ အဘယ်ကြောင့်ဆိုသော် ရှရီအသ်တရားတော်အရ တားမြစ်ခြင်း၊ ခွင့်ပြုခြင်းသည် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူထားသော အရာဖြစ်စေ၊ မိန့်ကြားတော်မမူဘဲ ဆိတ်ဆိတ်နေတော်မူသော အရာဖြစ်စေ ဖြစ်၏။ ၎င်းသည် ပညတ်ထားသော အရာဖြစ်ပါက ဝါဂျိဗ် ( မလုပ်မနေရတာဝန်အမိန့်) သို့မဟုတ် မန်ဒူးဗ် (မလုပ်မနေရတာဝန်မျိုးမဟုတ်ဘဲ ပြုလုပ်လျှင်အလွန်အကျိုးကုသိုလ်ရရှိပြီး မပြုလုပ်လျှင် အပြစ်မထိုက်သောအမိန့် ) ဖြစ်သည်။ တားမြစ်ထားသော အရာဖြစ်ပါက ဟရာမ် ( လုပ်လျှင်အပြစ်ထိုက်သော တားမြစ်ပိတ်ပင်ချက်) သို့မဟုတ် မက်ရူဟ် ( လုပ်လျှင်အပြစ်မထိုက်သောလည်း ရှောင်ကြဉ်ခြင်းက ပို၍ကောင်းသည်ဟု သတ်မှတ်ထားသော အမိန့် ) ဖြစ်သည်။ သို့မဟုတ် မုဘာဟ် (ခွင့်ပြုထားသောအမိန့်) ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်က ဆိတ်ဆိတ်နေတော်မူပြီး ပြဋ္ဌာန်းချက်မထုတ်ပြန်၊ အကန့်အသတ်မသတ်မှတ်၊ တားမြစ်ချက်မချမှတ်ထားသော အရာသည် ဟလာလ်(ခွင့်ပြုထားသောအရာ) ပင်ဖြစ်၏။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကောင်းမွန်လှပသော ရှင်းလင်းဟောကြားမှု။အကြောင်းမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤဟဒီးဆ်တော်ကို ဤမျှ ရှင်းလင်းပြတ်သားသော အမျိုးအစားခွဲခြားမှုဖြင့် ဟောကြားခဲ့ခြင်းဖြစ်သည်။ ဤသည် ကိုယ်တော်မြတ်၏ ကောင်းမွန်လှပသော ရှင်းလင်းဟောကြားမှု စွမ်းရည်ကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းခြင်းသည် ဝါဂျိဗ်တာဝန်ဖြစ်ခြင်း။
အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ချက်များကို ကျူးလွန်ချိုးဖောက်ခြင်းအား ဟရာမ် တားမြစ်ပိတ်ပင်ထားခြင်း။
التصنيفات
ပြစ်ဒဏ်များ။