အဓမ္မရယူခြင်း။

အဓမ္မရယူခြင်း။

1- မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏ အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။