إعدادات العرض
1- ဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားသူသည် ထိုသို့ဖြတ်သွားခြင်း၏ အပြစ်ဒဏ်သည် မည်မျှကြီးမားကြောင်း သိရှိပါက၊ သူ့အတွက် လေးဆယ်(အချိန်) တိုင်တိုင် ရပ်စောင့်နေခြင်းသည် ထိုဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားခြင်းထက် ပိုမိုကောင်းမွန်ပေသည်။
2- အကယ်၍ လူတို့သည် အဇာန်ပေးခြင်းနှင့် ပထမဆုံးစွတ်ဖ်တန်း၌ ရရှိသော အကျိုးကျေးဇူးများကို သိရှိမည်ဆိုလျှင်၊ ထို့နောက် ထိုအကျိုးကျေးဇူးများရရှိရန် မဲနှိုက်ဆုံးဖြတ်ခြင်းမှအပ အခြားနည်းလမ်း မတွေ့ရှိကြရင်၊ မဲနှိုက်၍ဆုံးဖြတ်ကြပေမည်