إعدادات العرض
အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ်…
အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ။
အဗူစအီးဒ် အလ်ခုဿ်ွရီ(ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်သည်။ သာဝကကြီးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူ ဂဇ်ဝဟ်စစ်ပွဲ ၁၂ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။ သာဝကကြီးက အမိန့်ရှိသည်မှာ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ထံတော်ပါးမှ လေးခုသောအရာကို ကြားခဲ့ရပြီး ယင်းအရာများကို ကျွန်တော်နှစ်သက်မိခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - "အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ။ အီဒ်ဒုလ်ဖိသ်ရ်နှင့် အီဒုလ်အဿွ်ဟာနေ့တွင် ‘စောင်မ်’ဥပုသ်မစောင့်ရ။ ဖဂ်ျရ်ဆွလာသ်ဝတ်ပြုပြီး နောက် နေထွက်သည်အထိ မည်သည့်ဆွလာသ်မှဝတ်မပြုရ။ အဆွ်ရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေဝင်သည်အထိ မည်သည့်ဆွလာသ်မှဝတ်မပြုရ။ ဗလီသုံးလုံးမှအပ အခြားဗလီဝတ်ကျောင်းတော်များဘက်သို့ခရီးမထွက်ရ။ ၎င်းဗလီသုံးလုံးမှာ မတ်စ်ဂျိဒုလ်ဟရာမ်၊ မတ်စ်ဂျိဒုလ်အက္ကဆွာ၊ ငါကိုယ်တော်မြတ်၏ဤဗလီဝတ်ကျောင်းတော် စသည်တို့ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português Svenska ગુજરાતી Yorùbá ئۇيغۇرچە සිංහල Tiếng Việt Kiswahili پښتو অসমীয়া دری or Čeština नेपाली Română Nederlands Soomaali తెలుగు Српски മലയാളം Kinyarwanda Кыргызча ಕನ್ನಡ Wolof Magyar ქართული Moore Українська Македонски Azərbaycan Lietuvių አማርኛ Malagasy Shqip Oromoo Italiano ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek ភាសាខ្មែរالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အောက်ပါ အချက်လေးချက်ကို တားမြစ်တော်မူခဲ့သည်။ ၁။ အမျိုးသမီးများအား သူမ၏ ခင်ပွန်း သို့မဟုတ် မဟ်ရမ် ဆွေမျိုးများအနက်မှ မည်သည့်အခါမျှ နိကာဟ်ထိမ်းမြားပိုင်ခွင့်မရှိသော မဟ်ရမ် ဖြစ်သည့် သား၊ ဖခင်၊ မောင်နှမအရင်း၏သား၊ ဦးလေး၊ ဘကြီး စသည်တို့အနက်တစ်ဦးတစ်ယောက်မပါဘဲ နှစ်ရက်တာကြာမြင့်မည့်ခရီးသွားခြင်းမှ တားမြစ်ထားသည်။ ၂။ အီဒ်ဒုလ်ဖိသ်ရ် နှင့် အီဒ်ဒုလ်အဿွ်ဟာ နေ့များတွင် ဆောင်မ် ဥပုသ်စောင့်ခြင်းကို တားမြစ်ထားသည်။ ဤနေ့ရက်များတွင် နဇ်ရ် ကိုးထားသည့် ဥပုသ်စောင့်ခြင်း၊ နဖ်လ် ဥပုသ်စောင့်ခြင်း၊ ကဖ်ဖာရဟ်အာပတ်ဖြေသောဥပုသ်စောင့်ခြင်း စသည့်ဥပုသ်အားလုံးကိုလည်း တားမြစ်ထားသည်။ ၃။ ဖဂ်ျရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေထွက်သည်အထိ အဆွ်ရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေဝင်သည်အထိ နဖ်လ်ဆွလာသ်ဝတ်ပြုခြင်းကို တားမြစ်ထားသည်။ ၄။ ဤဗလီဝတ်ကျောင်းတော်သုံးခုမှလွဲ၍ အခြားနေရာတစ်နေရာသို့ ခရီးထွက်ရာတွင် ယင်းနေရာသည် မွန်မြတ်ကြောင်း ယုံကြည်၍လည်းကောင်း၊ ယင်းနေရာတွင် ကောင်းမှုပြုခြင်းဖြင့် ကုသိုလ်ကောင်းမှုများတိုးပွါး၍ရနိုင်သည်ဟု ယုံကြည်၍လည်းကောင်းခရီးထွက်ခြင်းကို တားမြစ်ထားသည်။ ထို့ကြောင့် ဤဗလီဝတ်ကျောင်းတော်သုံးခုမှအပ အခြားဗလီဝတ်ကျောင်းတော်များဘက်သို့ ဆွလာသ်ဝတ်ပြုရန် ခရီးမထွက်ရ။ မတ်စ်ဂျိဒုလ် ဟရာမ် (မက္ကာမြို့)၊ မတ်စ်ဂျိဒ်နဗဝီ (မဒီနာမြို့) နှင့် မတ်စ်ဂျိဒ်အက္ကဆွာ (ဂျေရုဆလင်မြို့) စသည့် ဗလီးကြီးသုံးခု၌သာ အကျိုးကုသိုလ် ပို၍ပို၍တိုးပြီးရရှိမည်ဖြစ်သည်။فوائد الحديث
အမျိုးသမီးတစ်ဦးသည် မဟ်ရမ် မပါဘဲ ခရီးထွက်ခွင့်မရှိပေ။
သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ ဟု ကိုယ်တော်မြတ်က မိန့်ကြားသည့်အတွက် အမျိုးသမီးတစ်ဦးသည် အခြားအမျိုးသမီးအတွက် ခရီးထွက်ရာ၌ မဟ်ရမ် မဟုတ်ပေ။
မည်သည့်ခရီးကိုမဆို အမျိုးသမီးတစ်ဦးအား ခင်ပွန်းသို့မဟုတ် မဟ်ရမ် မပါဘဲ ခရီးသွားခြင်းမှ တားမြစ်ထားသည်။ ဤဟဒီးဆ်သည် မေးမြန်းသူ၏ အခြေအနေနှင့် နေရာဒေသကို အခြေခံ၍မိန့်ကြားထားခြင်းဖြစ်သည်။
အမျိုးသမီးတစ်ဦး၏ မဟ်ရမ်ဆိုသည်မှာ သူမ၏ ခင်ပွန်း သို့မဟုတ် ဆွေမျိုးတော်ဆက်မှုကြောင့်မည်သည့်အခါမျှ နိကာဟ်ထိမ်းမြားခွင့်မရှိသော မဟ်ရမ် ဥပမာ-ဖခင်၊ သား၊ ဦးလေး၊ ဘကြီး၊ နို့ချိုတိုက်ကျွေးမှုကြောင့် တော်ဆက်သူ ဥပမာ-နို့ချိုတိုက်ကျွေးမှုကြောင့် တော်ဆက်သောဖခင်၊ ယင်းဖခင်၏ ညီအစ်ကို သို့မဟုတ် ထိမ်းမြားမှုကြောင့် ဆွေမျိုးဖြစ်လာသူ ဥပမာ-လင်ယောက်ျား၏ဖခင်စသည်တို့ ဖြစ်သည်။ ထို့အပြင် မဟ်ရမ်သည် မွတ်စ်လင်မ်ဖြစ်ရမည်၊ အရွယ်ရောက်ပြီးသူဖြစ်ရမည်၊ ဉာဏ်ရည်ပြည့်ဝသူဖြစ်ရမည်၊ ယုံကြည်စိတ်ချရသူဖြစ်ရမည်၊ သစ္စာရှိသောသူဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် မဟ်ရမ်ဆိုသည်မှာ အမျိုးသမီးကို ကာကွယ်စောင့်ရှောက်သူ၊ သူမ၏ ကိစ္စရပ်များကို ဆောင်ရွက်ပေးသူဖြစ်သည်။
အစ္စလာမ့်တရားတော်သည် အမျိုးသမီးများအား ကာကွယ်ရန်၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရန် အထူးဂရုစိုက်သည်။
ဖဂ်ျရ်ဆွလာသ်နှင့် အဆ်ွရ်ဆွလာသ်၏နောက်တွင် နဖ်လ်ဆွလာသ်ဝတ်မပြုရ။ သို့သော် ဤတားမြစ်ချက်တွင် ဝတ်မပြုရလိုက်ဘဲလွှတ်သွားသည့် ဖရ်ဿ်ွဆွလာသ်များကို ဝတ်ပြုခြင်းနှင့် ဗလီဝင်သောအခါ ဝတ်ပြုရသော ဆွလာသ်ကဲ့သို့ အကြောင်းအရင်းတစ်ခုခုကြောင့်ကို ဝတ်ပြုရဆွလာသ် အခြားဆွလာသ်များ မပါဝင်ပေ။
နေထွက်ပြီးချိန်တွင် ချက်ချင်း ဆွလာသ်ဝတ်ပြုခြင်းကို တားမြစ်ထားသည်။ နေသည် လှံတံတစ်ခုစာခန့် မြင့်တက်ပြီးမှသာ တနည်းအားဖြင့် နေထွက်ပြီး၁၀မိနစ် မှ ၁၅မိနစ်ပြီးမှသာ ဆွလာသ်ဝတ်ပြုရန် ခွင့်ပြုထားသည်။
အဆ်ွရ်ဆွလာသ်ဝတ်ပြုရမည့်အချိန်သည် နေဝင်ချိန်အထိဖြစ်သည်။
ဟဒီးဆ်တော်၌ဖော်ပြထားသော ဗလီသုံးလုံးဘက်သို့ ခရီးထွက်ခွင့်ရှိသည်။
ဟဒီးဆ်တော်၌ဖော်ပြထားသော ဗလီသုံးလုံးသည် မွန်မြတ်ကြောင်းနှင့် အခြားဗလီများထက် ထူးခြားကြောင်း ဖော်ပြထားသည်။
မည်သည့်ကဗ်ရ်သင်္ချိုင်း ဂူဗိမာန်ကိုမဆို ဖူးမြော်ရန် ခရီးထွက်ခွင့် မရှိပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကဗ်ရ်ကိုပင် ဖူးမြော်ရန် ခရီးထွက်ခွင့်မရှိ။ သို့သော် မဒီနာမြို့တွင် ရှိနေသူများ သို့မဟုတ် ရှရီအ်တရားတော်က ခွင့်ပြုထားသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကဗ်ရ်ကို ဖူးမြော်ခွင့်ရှိသည်။
