“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း…

“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း ကြမ်းတမ်းသူလည်း မဟုတ်၊ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အော်ဟစ်ကျယ်လောင်စွာပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ခွင့်လွှတ်တော်မူပြီး သည်းခံတော်မူ၏။

အဘူအဗ်ဒုလ္လာဟ်အလ်ဂျဒလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ- “ကျွန်ုပ်သည် မိခင်မွန်ကြီးအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ် ကျင့်တရားနှင့် ပတ်သက်၍ မေး မြန်းခဲ့ပါသည်။ ထိုအခါ သူမက ဖြေကြားခဲ့သည်မှာ - “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း ကြမ်းတမ်းသူလည်း မဟုတ်၊ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အော်ဟစ်ကျယ်လောင်စွာပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ခွင့်လွှတ်တော်မူပြီး သည်းခံတော်မူ၏။ "

[صحيح] [رواه الترمذي وأحمد]

الشرح

မိခင်မွန်ကြီးအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ် ကျင့်တရားနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ သူမက ဤသို့ဖြေကြားတော်မူခဲ့သည်- ကိုယ်တော်၏ စကားနှင့် အပြုအမူတို့တွင် ရုန့်ရင်း ကြမ်းတမ်းခြင်း၊ စက်ဆုပ်ဖွယ်ရာများ မရှိခဲ့ပါ။ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အသံကျယ်လောင်စွာအော်ဟစ်ပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ကောင်းမှုဖြင့်သာ တုန့်ပြန်တော်မူ၏။ အတွင်းသဘောအားဖြင့် ခွင့်လွှတ်တော်မူပြီး အပြင်ပန်းအားဖြင့်လည်း သည်းခံတော်မူ၍ မျက်ကွယ်ပြုတော်မူ၏။

فوائد الحديث

၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)တွင် ရှိခဲ့သော မြင့်မြတ်သည့်ကိုယ်ကျင့်တရားနှင့် မကောင်းသောအကျင့်စရိုက်ဆိုးများမှ ကင်းဝေးတော်မူကြောင်းကို ရှင်းလင်းတင်ပြထားခြင်း။

၂။ ကောင်းမြတ်သောကိုယ်ကျင့်

တရားများကို ကျင့်ကြံရန်နှင့် မကောင်းသော အကျင့်စရိုက်များမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားခြင်း။

၃။ ညစ်ညမ်းသော စကား၊ စက်ဆုပ်ဖွယ်အပြောအဆိုတို့ကို ရှုတ်ချထားခြင်း။

၄။ လူများအပေါ် အသံကျယ်လောင်စွာပြောဆိုခြင်း၊ အော်ဟစ်ခြင်းကို ရှုတ်ချထားခြင်း။

၅။ မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ရန်၊ ခွင့်လွှတ်ရန်နှင့် သည်းခံရန် တိုက်တွန်းထားခြင်း။

التصنيفات

ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။, တမန်တော်မြတ်(ﷺ)၏ ခွင့်လွှတ်မှု။