إعدادات العرض
အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။
အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî Hausa Português മലയാളം Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands తెలుగు Kiswahili தமிழ் ไทย دری Кыргызча Lietuvių Kinyarwanda नेपाली Malagasy Italiano or ಕನ್ನಡ Oromoo Română Soomaali Српски Wolof Українська Moore Azərbaycan ქართული Magyar Македонскиالشرح
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစားအသောက်များ အသင့်ရောက်ရှိနေပြီး ဆွလာသ်ဝတ်ပြုသူ၏ စိတ်သည် ထိုအစားအသောက်အပေါ် အာရုံရောက်နေသည့် အခြေအနေမျိုးတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်တော်မူသည်။ ထို့အတူ ဆီးနှင့်ဝမ်းကိုချုပ်တည်း၍ ဆွလာသ်ဝတ်ပြုခြင်းကိုလည်း တားမြစ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုသို့ချုပ်တည်းနေခြင်းကြောင့် အာရုံပျံ့လွင့်မှုဖြစ်စေသည်။فوائد الحديث
ဆွလာသ်ဝတ်ပြုသူသည် ဆွလာသ်မတိုင်မီ မိမိဆွလာသ်အား အနှောက်အယှက်ဖြစ်စေမည့် အရာအားလုံးကို ကင်းဝေးအောင်ပြုထားသင့်သည်။