ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏…

ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏ အွမ္မသ်များအနက်မှ သူ့အား ကူညီသူများနှင့် နောက်လိုက်တပည့်သားချင်းများရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုတမန်တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏ အွမ္မသ်များအနက်မှ သူ့အား ကူညီသူများနှင့် နောက်လိုက်တပည့်သားချင်းများရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုတမန်တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်။ ထို့နောက်တဖန် ထိုသူတို့၏နောက်တွင် ( ဤသို့သောသူများ )ပေါ်ပေါက်လာကြမည်။ ၎င်းတို့သည် မိမိတို့မပြုလုပ်ကြသည့်အရာများကို ပြောဆိုကြပြီး၊ မိမိတို့အား အမိန့်ပေးစေခိုင်းထားခြင်းမရှိသောအရာများကို ပြုလုပ်ကြ၏။ သို့ဖြစ်ရာ မည်သူမဆို ၎င်းတို့အား မိမိ၏လက်ဖြင့် တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား မိမိ၏နှုတ်လျှာဖြင့် (စကားဖြင့်) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား စိတ်နှလုံးသားဖြင့် (မကောင်းမှုဟု မှတ်ယူပြီး) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ ထို ( စိတ်နှလုံးသားဖြင့် မကောင်းမှုဟု မှတ်ယူခြင်း၏ နောက်တွင်မူ ) မုန့်ညှင်းစေ့ခန့်မျှပင် အီမာန်ရှိတော့မည် မဟုတ်ပေ။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- မိမိမတိုင်မီရှိခဲ့သော လူမျိုးစုများထံ စေလွှတ်တော်မူခြင်းခံခဲ့ရသော နဗီတမန်တော်တိုင်းအတွက် သူ၏အွမ္မသ်သားများထဲမှ ရွေးချယ်ခြင်းခံရသူများ၊ အကူအညီပေးသူများ၊ကြိုးပမ်းအားထုတ်သူများ၊ စိတ်စေတနာဖြူစင်သူများ ရှိခဲ့ကြ၏။ ထိုသူတို့သည် ထိုနဗီတမန်တော်၏ နောက်ပိုင်း ခိလာဖသ်( အုပ်ချုပ်မှု )ရာထူးအတွက် သင့်တော်သူများဖြစ်ကြကာ ထိုနဗီတမန် တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်။ထို့နောက် ထိုသူမွန်သူမြတ် ရှေ့ဆောင်ကောင်းများ၏နောက်တွင်နောက်တွင် ( ဤသို့သောသူများ )ပေါ်ပေါက်လာကြမည်။ ၎င်းတို့တွင် မည်သည့်ကောင်းခြင်းမျှ မရှိချေ။ ၎င်းတို့သည် မိမိတို့မပြုလုပ်ကြသည့်အရာများကို ပြောဆိုကြပြီး၊ မိမိတို့အား အမိန့်ပေးစေခိုင်းထားခြင်းမရှိသောအရာများကို ပြုလုပ်ကြ၏။ သို့ဖြစ်ရာ မည်သူမဆို ၎င်းတို့အား မိမိ၏လက်ဖြင့် တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား မိမိ၏နှုတ်လျှာဖြင့် (စကားဖြင့်) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား စိတ်နှလုံးသားဖြင့် (မကောင်းမှုဟု မှတ်ယူပြီး) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ ထို ( စိတ်နှလုံးသားဖြင့် မကောင်းမှုဟု မှတ်ယူခြင်း၏ နောက်တွင်မူ ) မုန့်ညှင်းစေ့ခန့်မျှပင် အီမာန်ရှိတော့မည် မဟုတ်ပေ။

فوائد الحديث

ရှရီအသ်တရားတော်အား ဆန့်ကျင်သူများကိုအား မိမိတို့၏ အ‌ပြောအဆို၊ လုပ်ရပ်များဖြင့် ဂျိဟာဒ်ပြုလုပ်ရန်(ဆန့်ကျင်တိုက်ခိုက်ရန်) အားပေးတိုက်တွန်းထားသည်။

မကောင်းမှုကို စိတ်နှလုံးသားဖြင့် ငြင်းပယ်ခြင်း(ရွံမုန်းမှု)မရှိခြင်းသည် အီမာန်ယုံကြည်မှုအားနည်းခြင်း သို့မဟုတ် ပျက်သုန်းသွားခြင်း၏ လက္ခဏာဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်များအတွက် ၎င်းတို့၏ ရိစာလသ်တာဝန်ကို ဆက်လက်သယ်ဆောင်ကြမည့်သူများကို (ဖန်ဆင်းပေးတော်မူပြီး ) ( ၎င်းနဗီတမန်တော်များ၏ တရားလမ်းစဉ်ကို ဖြန့်ချီရာတွင် ) လွယ်ကူစေတော်မူထားခြင်း။

အာခိရသ် နောင်တမလွန်ဘဝတွင် ဂျဟန္နမ်ငရဲမှ လွတ်မြောက်လိုသူများသည် တမန်တော်များ၏ လမ်းစဉ်ကိုသာ လိုက်နာကျရမည်။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းစဉ်မှလွဲ၍ အခြားသောလမ်းစဥ်များသည် ပျက်စီးခြင်းနှင့် လမ်းမှားရောက်ခြင်းသို့ ရောက်ရှိစေသောကြောင့်ဖြစ်သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့် ဆွဟဗဟ်များ၏ ခေတ်ကာလနှင့် ဝေးကွာလာသည်နှင့်အမျှ လူတို့သည် စွန္နသ်တော်များကို စွန့်လွှတ်လာကြပြီး၊ မိမိတို့၏စိတ်အလိုဆန္ဒများ နောက်သို့ လိုက်ခဲ့ကြပြီး ဗိဒ်အသ်တရားသစ်တီထွင်မှုများကို ပြုလုပ်လာကြသည်။

ဂျိဟာဒ်၏ အဆင့်များကိုဖော်ပြထားခြင်း။

· လက်ဖြင့် ဂျိဟာဒ်ပြုခြင်း- မကောင်းမှုကို ပြုပြင်နိုင်စွမ်းရှိသူများ- ပမာအားဖြင့် အုပ်ချုပ်သူများ၊အာဏာပိုင်များ၊ ခေါင်းဆောင်များ၏ တာဝန်ဖြစ်သည်။

· နှုတ်ဖြင့် ဂျိဟာဒ်ပြုခြင်း- အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းနှင့် အမှန်တရားဘက်သို့ ဖိတ်ခေါ်ခြင်း။

·စိတ်နှလုံးသားဖြင့် ဂျိဟာဒ်ပြုခြင်း- မကောင်းမှုကို ငြင်းပယ်ခြင်း(ရွံမုန်းခြင်း)၊ မနှစ်သက်ခြင်း၊ မကျေနပ်ခြင်း စသည်တို့ဖြစ်သည်။

ကောင်းမှုကိုညွှန်ကြားခြင်းနှင့် မကောင်းမှုဒုစရိုက်မှ တားမြစ်ခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။

التصنيفات

အီမာန် တိုးပွားခြင်းနှင့် လျော့နည်းခြင်း။, ဂျိဟာဒ်၏ အမျိုးစားများ။