إعدادات العرض
အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏…
အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။
အဗူအုမာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဟဂ်ျဂျသုလ်ဝဒါအ် နောက်ဆုံးဟဂ်ျတွင် ခွသ်ဗဟ်တရား မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [رواه الترمذي وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda Shqip ಕನ್ನಡ Lietuvių Wolof Українська Moore ქართული Magyar Македонски Azərbaycan Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italiano ភាសាខ្មែរالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟစ်ဂျရီ ဆယ်ခုနှစ် ဟဂ်ျဂျသုလ် ဝဒါအ်တွင် အရဖဟ်နေ့၌ ခွသ်ဗဟ်တရား မိန့်ကြားတော်မူခဲ့သည်။ ဟဂ်ျဂျသုလ် ဝဒါအ်ဟု ခေါ်ဆိုရခြင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုဟဂ်ျတွင် လူတို့ကို နောက်ဆုံးနှုတ်ဆက်ခဲ့သောကြောင့်ဖြစ်သည်။ ကိုယ်တော်က လူတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ အရှင်မြတ်အပေါ် သက္ကဝါတရားထားကြရန် မိန့်ကြားတော်မူခဲ့သည်။ ထို့အတူ နေ့နှင့်ညတွင် အလ္လာဟ်အရှင်မြတ်က ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ငါးကြိမ်ဆွလာသ်ကို ဆောက်တည်ကြရန်၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြရန်၊ ဥစ္စာပစ္စည်းများအတွက် သတ်မှတ်ထားသည့် ဇကာသ်အား စားထိုက်သူများကို ပေးကြရန်၊ ယင်းနှင့်ပတ်သက်၍ စေးနှဲခြင်းမပြုကြရန်၊ အလ္လာဟ်အရှင်မြတ်အမိန့်ကို ဖီဆန်သည့်ကိစ္စမျိုးမှလွဲ၍ အရှင်မြတ်က မိမိတို့အပေါ် အုပ်ချုပ်သူအဖြစ် ပြုလုပ်ပေးထားသူများ၏အမိန့်ကို နာခံကြရန်လည်း မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မည်သူမဆို အထက်ပါကိစ္စများကို လိုက်နာဆောင်ရွက်ပါက အကျိုးကုသိုလ်အဖြစ် ဂျန္နသ်သုခဘုံးကို ရရှိမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။فوائد الحديث
ဤအမလ်ကောင်းမှုများသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရမည့် အကြောင်းခံများတွင် ပါဝင်သည်။
