إعدادات العرض
မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်)…
မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska ಕನ್ನಡ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof ភាសាខ្មែរ Lietuvių தமிழ் Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မည်သည့်အချိန်ဖြစ်စေ (မနက်ခင်း သို့မဟုတ် ညနေခင်း) တွင် ဝတ်ပြုကိုးကွယ်ရန်၊ သာသနာ့ပညာသင်ယူရန် သို့မဟုတ် အခြားသော ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ဗလီသို့ သွားရောက်သူအား အလ္လာဟ်အရှင်မြတ်က ဂျန္နတ်သုခဘုံ၌ နေရာထိုင်ခင်းနှင့် ဧည့်ခံကျွေးမွေးမှုများကိုအသင့်ပြင်ဆင်ထားတော်မူကြောင်း သတင်းကောင်းပေးတော်မူခဲ့သည်။ ထိုသူသည် မနက်တိုင်း သို့မဟုတ် ညနေတိုင်းတွင် ဗလီသို့ သွားပါက (အကြိမ်တိုင်းအတွက် ဤကြီးကျယ်သော ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။)فوائد الحديث
ဗလီသို့ သွားခြင်း၏ မွန်မြတ်မှုနှင့် ဗလီတွင် ဂျမာအသ်ဖြင့်ဆွလာသ်ဝတ်ပြုရန် အားပေးတိုက်တွန်းထားခြင်း။ ဗလီများမှ ကင်းကွာနေသူသည် အလ္လာဟ်အရှင်မြတ်က မိမိ၏အိမ်တော်သို့ လာရောက်သူများအတွက် ပြင်ဆင်ထားတော်မူသော များစွာသော် ကောင်းမှုများ၊ နိအ်မသ်ကျေးဇူးတော်များ၊ ဆုလာဘ်တော်များနှင့် ဧည့်ခံကျွေးမွေးမှုများကို လက်လွတ်ဆုံးရှုံးရသည်။
လူသားများသည်ပင်လျှင် မိမိတို့ အိမ်သို့လာရောက်သူကို ဧည့်ခံကျွေးမွေးကြသည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အဖန်ဆင်းခံများထက် ပို၍ ရက်ရောတော်မူ သော အရှင်ဖြစ်သည်။ ထို့ကြောင့် မည်သူမဆို အရှင်၏အိမ်တော်သို့ ရည်စူး (လာရောက် ) ခဲ့လျှင် အရှင်မြတ်သည် ထိုသူအား ဂုဏ်ပြုချီးမြှင့်တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအတွက် ကြီးကျယ်မြင့်မြတ်သော ဧည့်ခံကျွေးမွေးမှုကို ပြင်ဆင်ထားတော်မူသည်။
ဗလီများသို့ သွားရခြင်းကြောင့် ပျော်ရွှင်ဝမ်းမြောက်ခြင်း။ အဘယ်
ကြောင့်ဆိုသော် မနက်တိုင်း သို့မဟုတ် ညနေတိုင်း ၎င်း၏ ဗလီသို့ သွားသည့် အကြိမ်ရေအတိုင်း ဧည့်ခံကျွေးမွေးမှုကို ပြင်ဆင်ထားတော်မူသောကြောင့် ဖြစ်သည်။
