إعدادات العرض
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللّٰهِ ٱلرَّحْمٰنِ ٱلرَّحِيْمِ) မကျရောက်သေးသရွေ့…
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللّٰهِ ٱلرَّحْمٰنِ ٱلرَّحِيْمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြား ပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللّٰهِ ٱلرَّحْمٰنِ ٱلرَّحِيْمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြား ပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [အဗူဒါဝူဒ်ကျမ်း။]
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Moore Soomaali Wolof Français Azərbaycan Tagalog Українська தமிழ் Deutsch Bambara ქართული Português Македонски Magyar Русский 中文 فارسی ភាសាខ្មែរ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ Türkçe Lingala Italiano አማርኛالشرح
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ရှင်းပြခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ကျရောက်ခဲ့ပြီး (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ)မကျရောက်သေးသရွေ့ ကိုယ်တော်မြတ်သည် စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာနှင့် စူရဟ်တစ်ပုဒ်ပြီးဆုံးသွားသည့်နေရာကို မသိရှိခဲ့ပေ။ (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) ကျရောက်လာမှသာ ယခင်စူရဟ်ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ၎င်းသည် စူရဟ်အသစ်၏ အစဖြစ်ကြောင်း သိရှိတော်မူသည်။فوائد الحديث
စူရဟ်အန်ဖာလ်နှင့် စူရဟ်သောင်ဗဟ်ကြားမှလွဲ၍ ကျန်စူရဟ်များကြားတွင် ဗိစ်မိလ္လာဟ်ဖြင့် ပိုင်းခြားထားသည်။