إعدادات العرض
နဇရ်( ကိုးခြင်း )မှ တားမြစ်တော်မူခဲ့၏။ ထို့နောက် မိန့်ကြားတော်မူသည် -နဇရ်(ကိုးခြင်း)…
နဇရ်( ကိုးခြင်း )မှ တားမြစ်တော်မူခဲ့၏။ ထို့နောက် မိန့်ကြားတော်မူသည် -နဇရ်(ကိုးခြင်း) သည် မည်သည့် ကောင်းခြင်းတစ်စုံတစ်ရာကိုမျှ မယူဆောင်လာနိုင်ပါ။ စင်စစ် ထိုသို့နဇရ်(ကိုးခြင်း) အားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေး ဥစ္စာကို)ထွက်စေခြင်းသာ ဖြစ်သည်။
အိဗ်နု အိုမရ် (ရဿွိရလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နဇရ်( ကိုးခြင်း )မှ တားမြစ်တော်မူခဲ့၏။ ထို့နောက် မိန့်ကြားတော်မူသည် -နဇရ်(ကိုးခြင်း) သည် မည်သည့် ကောင်းခြင်းတစ်စုံတစ်ရာကိုမျှ မယူဆောင်လာနိုင်ပါ။ စင်စစ် ထိုသို့နဇရ်(ကိုးခြင်း) အားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေး ဥစ္စာကို)ထွက်စေခြင်းသာ ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî മലയാളം Kiswahili සිංහල অসমীয়া ગુજરાતી Tiếng Việt دری Nederlands Soomaali नेपाली پښتو Svenska Кыргызча Română తెలుగు Lietuvių ಕನ್ನಡ Српски Yorùbá ქართული Moore Kinyarwanda मराठी Magyar Македонски Azərbaycan Čeština Українська Wolof Malagasy Oromoo ไทย ਪੰਜਾਬੀ Deutsch አማርኛ ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နဇရ်ကိုးခြင်းကို တားမြစ်တော်မူခဲ့သည်။ နဇရ်ကိုးခြင်းဆိုသည်မှာ လူတစ်ဦးက သူ့အတွက် ရှရီအသ်တရားတော်က မပြဌာန်းထားသော အရာတစ်ခုခုကို မိမိအပေါ် မဖြစ်မနေ ဆောင်ရွက်ရမည်ဟု တာဝန်သတ်မှတ်ခြင်းဖြစ်သည်။ · တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဆက်လက်၍ မိန့်ကြားတော်မူသည်မှာ နဇရ်ကိုးခြင်းသည် မည်သည့်အရာကိုမျှ ရှေ့သို့စောစေနိုင်သလို၊ နောက်ကျစေနိုင်ခြင်းလည်းမရှိပါ။ စင်စစ် နဇရ်ကိုးခြင်းအားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေးဥစ္စာကို)ထွက်စေခြင်းသာဖြစ်သည်။ ၎င်းသည် မိမိအပေါ်တွင် မဖြစ်မနေတာဝန်ရှိသည်မှလွဲ၍ (အလှူဒါန) မပြုလုပ်လိုသောသူ ဖြစ်သည်။ နဇရ်ကိုးခြင်းသည် သက္ကဒီရ်တွင်မသတ်မှတ်ထားသော အရာတစ်ခုကို ယူဆောင်ပေးနိုင်ခြင်း မရှိပါ။فوائد الحديث
နဇရ်ကိုးခြင်းသည် တရားတော်၌ နှစ်မြို့ဖွယ်ရာကိစ္စမဟုတ်ပေ။ သို့ရာတွင် အကယ်၍ တစ်စုံတစ်ဦးက နဇရ်ကိုးမိပါက၊ ထိုနဇရ်ကိုးမှုတွင် ပြစ်မှုဒုစရိုက် ပါဝင်ခြင်းမရှိလျှင် ၎င်းအား ပြည့်စုံအောင် ဆောင်ရွက်ရန် တာဝန်ရှိသည်။
နဇရ်ကိုးခြင်းမှ တားမြစ်ထားရခြင်း၏ အကြောင်း
ရင်းမှာ ထိုသို့ပြုခြင်းဖြင့် မည်သည့်ကောင်းခြင်းတစ်စုံတစ်ရာကိုမျှ ယူဆောင်လာနိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်စီမံသတ်မှတ်ချက်ကို ဖယ်ရှားနိုင်စွမ်း မရှိပါ။ ထို့အပြင် နဇရ်ကိုးသူသည် နဇရ်ကိုးမှုကြောင့် မိမိ၏ဆန္ဒပြည့်ဝသည်ဟု မထင်မှတ်စေရန်ဖြစ်သည်။ အဘယ်
ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ထိုသို့ နဇရ်ကိုးခြင်းအား လုံးဝလိုလားတောင့်တခြင်းမရှိသော
ကြောင့် ဖြစ်သည်။
အလ္လာမဟ် ကုရ်သူဗီက ဤသို့ ရှင်းပြခဲ့သည် - ဤတားမြစ်ချက်၏ ရည်ရွယ်
ချက်မှာ ဥပမာအားဖြင့် တစ်စုံ
တစ်ဦးက "အကယ်
၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်
၏ လူနာကို ကျန်းမာစေတော်မူပါက၊ ကျွန်ုပ် ဤမျှသော အလှူဒါန ပြုပါမည်" ဟု ပြောဆိုခြင်းကဲ့သို့သော အခြေ
အနေမျိုးတွင် ဖြစ်သည်။ ဤကိစ္စကို မနှစ်သက်ဖွယ်ရာအဖြစ်သတ်မှတ်ရခြင်း၏ အကြောင်း
ရင်းမှာ ထိုသူသည် မိမိ၏ ကိုးကွယ်မှုကို အချို့သော အခြေအ
နေများနှင့် ချိတ်ဆ
က်ထားသောကြောင့် ဖြစ်သည်။ ဤသည်က သူ၏ ကိုးကွယ်မှုတွင် အလ္လာဟ်အရှင်မြတ်အတွက် စေတနာစင်ကြယ်မှု မရှိဘဲ၊ အပြန်အလှန် ပေးဆပ်မှုသဘောမျိုး ရောနှောနေကြောင်း ဖော်ပြနေသည်။ ထို့ထက်ပို၍ ထင်ရှားသည်မှာ အကယ်၍ အလ္လာဟ်အရှင်မြတ်က သူ၏လူနာကို ကျန်းမာစေတော်မမူပါက၊ သူသည် ကျန်းမာမှုနှင့်ချိတ်ဆက်ထားသော အလှူဒါနကို မပြုလုပ်တော့ခြင်းပင် ဖြစ်သည်။ ဤသည်ကား စေးနဲတွန့်တိုသူ၏ အခြေအနေ(စရိုက်လက္ခဏာ) ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာမှ မည်သည့်အရာကိုမျှ ချက်ချင်းရရှိမည့် အကျိုးအမြတ်မပါဘဲ မပေးကမ်းပေ။ ထို့ပြင်များသောအားဖြင့် ထိုအကျိုး
အမြတ်သည် ၎င်းပေးကမ်းခဲ့သည့် အရာထက် ပိုမိုများပြားမှသာလျှင် မိမိ၏ပစ္စည်းဥစ္စာထဲမှ ပေးလေ့ရှိသည်။
التصنيفات
ကျိန်ဆိုခြင်းနှင့် နဇရ်ကိုးခြင်း။