တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်သည့်အခါ…

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်သည့်အခါ မိမိချိုင်းတော်နှစ်ဖက်၏ဖြူဖွေးသည့်အသား ပေါ်လွင်သည်အထိ မိမိလက်တော်နှစ်ဖက်ကို (နံဘေးမှ) ခွာထားတော်မူသည်။

အဗ်ဒုလ္လာဟ်ဗင်န် မာလိက်ဗင်န် ဗုဟိုင်းနဟ်ဟ် (ရဿွိရလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်သည့်အခါ မိမိချိုင်းတော်နှစ်ဖက်၏ဖြူဖွေးသည့်အသား ပေါ်လွင်သည်အထိ မိမိလက်တော်နှစ်ဖက်ကို (နံဘေးမှ) ခွာထားတော်မူသည်။

[صحيح] [متفق عليه]

الشرح

တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စဂ်ျဒဟ်ဦးချသည့်အခါ မိမိ၏ လက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထားတော်မူသည်။ ကိုယ်တော်သည် လက်နှစ်ဖက်ကို အတောင်ပံနှစ်ခုပမာ ခန္ဓာကိုယ်နံဘေးမှ ခွာထားတော်မူရာ ဖြူဖွေးသည့် ချိုင်းနှစ်ဖက်ပါ ပေါ်လွင်နေသည်။ ဤသည် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှ အလွန်ကွာဝေးစွားထားကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ ဤသည် လက်မောင်းနှစ်ဘက်ကို ကိုယ်ခန္ဓာ ဘေးနှစ်ဘက်နှင့် ဝေးကွာအောင်ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ပုံကြီးချဲ့ထားသော ပုံစံတစ်မျိုးပင်ဖြစ်သည်။

فوائد الحديث

ထိုနည်းလမ်းအတိုင်း စဂ်ျဒဟ်ဦးချခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ ၎င်းမှာ လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်မှ ဝေးကွာစွာထားရှိခြင်း ဖြစ်သည်။

အိမာမ်၏ နောက်မှ ဝတ်ပြုနေသူသည် မိမိဘေးရှိသူများကို ဒုက္ခဖြစ်စေပါက လက်နှစ်ဖက်ကို ကားထားခြင်းကို မပြုလုပ်သင့်ပါ။

စဂ်ျဒဟ် ဦးချသည့်အခါ လက်များကို ခွာထားခြင်းတွင် ဟိက်မသ် အမြော်မြင်နှင့် အကျိုးကျေးဇူးများ များစွာရှိသည်။ ၎င်းတို့အနက် အချို့မှာ- ဆွလာသ်၌ တက်ကြွမှုနှင့် စိတ်အားထက်သန်မှုတို့ကို ဖော်ထုတ်ပြသခြင်း၊ စဂ်ျဒဟ်ပြုရမည့် အစိတ်အပိုင်းများအပေါ် မှီခိုအားထားခြင်းဖြင့် အိဗာဒသ်ပြုရာတွင် အစိတ်အပိုင်းအားလုံးသည် မိမိတို့၏အခွင့်အရေးကို အပြည့်အဝရရှိခြင်းတို့ဖြစ်သည်။ အချို့ကပြောကြသည်မှာ ထိုသို့ပြုလုပ်ရခြင်း၏ ဟိက်မသ်သည် ကျိုးနွံမှုသည့်ပုံစံဖြင့် ပို၍တူပြီး နဖူးနှင့် နှာခါင်းကို မြေပေါ်တွင် ပို၍ကောင်းမွန်စွာ ထားနိုင်မည်ဖြစ်သည်။ ထို့အတူ အစိတ်အပိုင်းတစ်ခုစီသည် သီးခြားစီ ကွဲပြားနေရန်လည်း ဖြစ်သည်။

التصنيفات

ဆွလာသ်နှင့်သက်ဆိုင်သည့် တမန်တော်မြတ်(ﷺ)၏လမ်းညွှန်ချက်။