إعدادات العرض
(ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊…
(ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်စင်စစ် ၎င်းတို့အပေါ်၌ ၎င်းတို့အားတာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိပြီး၊ သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိကြသည်”ဟု မိန့်ကြားတော်မူခဲ့သည်။
ဝါအိလ် အလ်ဟဿ်ွရမီ ကဆင့်ပြန်ခဲ့သည်။ စလမဟ် ဗင်န် ယဇီးဒ် ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ် ( ဆွလ္လ လ္လာဟု အလိုင်ဟိဋစလ္လမ် ) အား ဤသို့လျှောက်ထား မေးမြန်းခဲ့သည်။ အို- လ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်၊ အကယ်၍ ကျွန်ုပ်တို့အပေါ်၌ သူတို့၏ အခွင့်အရေးကိုတော့ တောင်းဆိုပြီး ကျွန်ုပ်တို့၏ အခွင့်အရေးကိုမူ ကျွန်ုပ်တို့အား မပေးသော အုပ်ချုပ်သူများ စိုးမိုးလာခဲ့လျှင်၊ ထိုကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်သည် ကျွန်ုပ်တို့အား မည်သို့အမိန့်ပေးတော်မူမည်နည်း။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုသူထံမှ မျက်နှာလွှဲတော်မူခဲ့သည်။ ထို့နောက် ထိုသူက ထပ်မံမေးမြန်းပြန်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထပ်မံမျက်နှာလွှဲတော်မူခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် (သို့မဟုတ်) တတိယအကြိမ်တွင် ထိုသူက ထပ်မံမေးမြန်းပြန်ရာ အရှ်အတ်စ် ဗင်န် ကိုင်စ်က ထိုသူကို ဆွဲယူ(တားမြစ်)ခဲ့သည်။ (ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်စင်စစ် ၎င်းတို့အပေါ်၌ ၎င်းတို့အားတာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိပြီး၊ သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိကြသည်”ဟု မိန့်ကြားတော်မူခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî Português தமிழ் Nederlands অসমীয়া Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska Македонски ಕನ್ನಡ Українська Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ Wolof دری አማርኛ Malagasy ភាសាខ្មែរ Lietuvių Shqipالشرح
တမန်တော်မြတ် (ဆွ) သည် ဤသို့လျှောက်ထားမေးမြန်းခံခဲ့ရသည် - လူများထံမှ အမိန့်နာခံမှုနှင့် လိုက်နာမှုစသည့် ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုကြသော်လည်း၊ တရားတရားမျှတစွာ စီရင်ခြင်း၊ စစ်သုံ့ပန်းပစ္စည်းများ ခွဲဝေပေးခြင်း၊ မတရားမှုများကို ဖယ်ရှားပေးခြင်း၊ မျှတမှုရှိခြင်းစသည့် သူတို့အပေါ်တွင် တာဝန်ရှိသည့် အခွင့်အရေးများကိုမူ ငြင်းပယ်ကြသည့် အုပ်ချုပ်သူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ပြုလုပ်ရန် ကိုယ်တော် အမိန့်ပေးပါမည်နည်း။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုသူ့ထံမှ မျက်နှာလွှဲတော်မူခဲ့သည်။ကိုယ်တော်သည် ဤမေးခွန်းမျိုးကို မနှစ်သက်ဟန်ရှိခဲ့သည်။ သို့ရာတွင် မေးမြန်းသူက ဒုတိယနှင့် တတိယအကြိမ် ထပ်မံမေးမြန်းပြန်ရာ အရှ်အတ်စ် ဗင်န် ကိုင်စ် (ရဿွိယလ္လာဟု အန်ဟု) က ထိုသူကို ဆွဲယူပြီး နှုတ်ဆိတ်စေခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ဖြေကြား မိန့်ဆိုတော်မူခဲ့သည် - သင်တို့သည် ၎င်းတို့၏ စကားကို နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်အမှန်ပင် ၎င်းတို့အပေါ်၌ ၎င်းတို့ထမ်းဆောင်ရန် တာဝန်ပေးခြင်းခံထားရသည့် တရားမျှတမှု၊ တိုင်းသူပြည်သားတို့၏ အခွင့်အရေးများကို ပေးအပ်ခြင်းစသည့် တာဝန်ဝတ္တရားများ ရှိ၏။ ထိုနည်းတူစွာ သင်တို့အပေါ်၌လည်း သင်တို့ထမ်းဆောင်ရန် တာဝန်ပေးခြင်းခံထားရသည့် အမိန့်နာခံခြင်း၊ အခွင့်အရေးများကို ပေးဆောင်ခြင်းနှင့် ဘေးဒုက္ခများကို သည်းခံခြင်းစသည့် တာဝန်ဝတ္တရားများ ရှိ၏။فوائد الحديث
အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ကိစ္စရပ်များတွင် အုပ်ချုပ်သူများအား မည်သည့်အခြေအနေတွင်မဆို ( ၎င်းတို့၏ အမိန့်ကို ) နားထောင်ခြင်း၊ လိုက်နာခြင်း ပြုရမည်။ ထိုအုပ်ချုပ်သူများက ပြည်သူတို့အပေါ် သူတို့၏တာဝန်ကို ပျက်ကွက်စေကာမူ (အရှင်မြတ်၏ အမိန့်ကို မဖီဆန်သမျှ ၎င်းတို့၏ အမိန့်ကို) နာခံလိုက်နာရမည်။
အုပ်ချုပ်သူများသည် ၎င်းတို့၏တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်မှုသည် ပြည်သူများအနေဖြင့် မိမိတို့၏တာဝန်ဝတ္တရားများကို မဖြည့်ဆည်းရန် အတွက် ခွင့်ပြုချက် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လူတိုင်းသည် မိမိ၏လုပ်ရပ်များနှင့်ပတ်သက်၍ မေးမြန်းခံရမည်ဖြစ်ပြီး၊ မိမိ၏တာဝန်မကျေပွန်မှုအတွက် အရေးယူခြင်း ခံရမည်ဖြစ်သောကြောင့်တည်း။
ဒီန်သာသနာသည် “သူပြုသည့်အတိုင်း ငါပြုမည်”ဟူသော သဘောတရားအပေါ် အခြေခံထားခြင်းမဟုတ်ဘဲ၊ မိမိ၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းအပေါ် တည်ဆောက်ထားသည်။ ဆန့်ကျင်ဘက်သူက သူ၏တာဝန်ကို မည်မျှပင်မဖြည့်ဆည်းသည်ဖြစ်စေ၊ (မိမိ၏တာဝန်ကိုမူ ဖြည့်ဆည်းရမည်။) ဤဟဒီးစ်တော်တွင် ဤအချက်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။
