လက်အောက်ငယ်သားများ အပေါ်တွင်ရှိသည့် အိမာမ် ခေါင်းဆောင်နှင့်သက်ဆိုင်သော ဝတ္တရားများ။

လက်အောက်ငယ်သားများ အပေါ်တွင်ရှိသည့် အိမာမ် ခေါင်းဆောင်နှင့်သက်ဆိုင်သော ဝတ္တရားများ။

1- “ငါသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေစွာဖြင့် နေထိုင်ကြရန်နှင့်(အုပ်ချုပ်သူများ၏ အမိန့်ကို ) နာခံလိုက်နာကြရန် ဆုံးမညွှန်ကြားပါသည်။ ထိုအုပ်ချုပ်သူသည် ဟဗရှီကျွန်တစ်ဦးဖြစ်စေကာမူ (နာခံလိုက်နာကြလော့)။ ငါကိုယ်တော် ၏နောက်တွင် သင်တို့သည် အလွန်များပြားလှစွာသော ကွဲလွဲမှုဒွိဟများကို တွေ့မြင်ကြရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့သည် ငါကိုယ်တော်၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအိရာရှီဒီးန်(ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်ခလီဖဟ်ကြီးများ)၏ စွန္နသ် ( စံနမူနာ )လမ်းစဉ်ကို ခိုင်မြဲစွာ ကိုင်စွဲထားကြလော့

3- ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။

4- (ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်စင်စစ် ၎င်းတို့အပေါ်၌ ၎င်းတို့အားတာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိပြီး၊ သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိကြသည်”ဟု မိန့်ကြားတော်မူခဲ့သည်။