إعدادات العرض
“အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင်…
“အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်။ အသင့်အားအကျိုးပြုမည့်အရာကို လိုလားပါ။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံပါ။ မတတ်စွမ်းနိုင်သူ မဖြစ်လေနှင့်။ အကယ်၍ သင့်ထံ တစ်စုံတစ်ရာ ဆိုက်ရောက်လာပါက အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်ဟူ၍ မပြောဆိုလေနှင့်။ သို့သော် အလ္လာဟ်အရှင်မြတ် သတ်မှတ်စီရင်တော်မူခဲ့ပြီးဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုရှိသည်ကို ပြုလုပ်တော်မူခဲ့သည်ဟုသာ ပြောဆိုပါ။ အဘယ်ကြောင့်ဆိုသော် (အကယ်၍)ဟူသော စကားလုံးသည် ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးလိုက်သောကြောင့်ဖြစ်သည်။"
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali മലയാളം తెలుగు Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof Українська ქართული Moore Magyar Shqip Македонски Azərbaycan አማርኛ Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ O‘zbek Italiano ភាសាខ្មែរ Kurmancîالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မုအ်မင်န် ယုံကြည်သူသည် အခြေအနေတိုင်းတွင် သာလွန်ကောင်းမွန်သူဖြစ်သည်။ သို့ရာတွင် အီမာန်ယုံကြည်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ဥစ္စာဓနနှင့် အခြားအရည်အချင်းများတွင် အားကောင်းသော မုအ်မင်န်သည် အားနည်းသော မုအ်မင်န်ထက် သာလွန်ကောင်းမွန်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပိုမိုချစ်မြတ်နိုးခြင်းခံရသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န်အား ဒွန္နယာ၊ အာခိရသ် နှစ်ဘဝစလုံးတွင် အကျိုးဖြစ်စေမည့်ကိစ္စရပ်များတွင် အကြောင်းခံများကို ကိုင်တွယ်ဆောင်ရွက်ရန် သွန်သင်ဆုံးမတော်မူခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အလ္လာဟ်အရှင်မြတ်အား အားကိုးပြီး အရှင်မြတ်၏ အကူအညီကို တောင်းခံကာ အရှင်မြတ်အပေါ် ယုံကြည်အားထားရမည် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှစ်ဘဝအတွက် အကျိုးရှိသောအရာများကို ပြုလုပ်ရန် အားနည်းခြင်း၊ ပျင်းရိခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်းတို့မှ တားမြစ်တော်မူခဲ့သည်။ သို့ဖြစ်၍ မုအ်မင်န်သည် အလုပ်လုပ်ရာတွင် ကြိုးစားအားထုတ်ပြီး အကြောင်းခံများကို ကိုင်တွယ်ကာ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီနှင့် ကောင်းခြင်းများကို တောင်းခံရမည်။ ထို့နောက် မိမိ၏ ကိစ္စအဝဝကို အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်ကာ အလ္လာဟ်အရှင်မြတ်၏ ရွေးချယ်မှုသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း သိနားလည်ထားရမည်။ ထိုသို့ပြုလုပ်ပြီးနောက် သူ့အပေါ် ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်လာပါက - “အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်” ဟု မပြောဆိုရပေ။ အဘယ့်ကြောင့်ဆိုသော် “အကယ်၍”ဟူသောစကားလုံးသည် သက္ကဒီရ်အား စောဒကတက်ခြင်း၊ လွန်ခဲ့သောအရာများအတွက် ဝမ်းနည်းခြင်းတို့ကို ဖြစ်စေသော ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းအနေဖြင့် အရှင်မြတ်၏ စီမံချက်အား လက်ခံပြီး ကျေနပ်နှစ်သက်စွာဖြင့် "အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်စီမံချက်ဖြစ်ပါသည်၊ အရှင်မြတ် အလိုရှိတော်မူသည်ကိုသာ ပြုတော်မူပါသည်" ဟု ပြောဆိုရမည်။ သို့ဖြစ်၍ ဖြစ်ခဲ့သမျှ အရာတိုင်းသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဧကန်အမှန်ပင် အရှင်မြတ်သည် အလိုရှိသည့်အရာကို ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပြီး အရှင်မြတ်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သူ၊ အရှင်မြတ်၏ စီရင်ချက်ကို ပြောင်းလဲနိုင်သူဟူ၍ မရှိပေ။فوائد الحديث
အီမာန်ယုံကြည်မှု၌ လူတို့သည် တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းမတူညီကြပါ။
လုပ်ဆောင်ချက်များတွင် ခွန်အားရှိခြင်းသည် နှစ်သက်ဖွယ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းမှတစ်ဆင့် အားနည်းမှုဖြင့် မရနိုင်သော အကျိုးကျေးဇူးများ ရရှိနိုင်သောကြောင့် ဖြစ်သည်။
လူသားသည် မိမိအတွက် အကျိုးရှိသည့်အရာကို လိုလားရှာဖွေသင့်ပြီး၊ အကျိုးမရှိသည့်အရာကို စွန့်လွှတ်သင့်သည်။
မုအ်မင်န်တစ်ဦးသည် မိမိ၏အရေးကိစ္စအားလုံးတွင် အလ္လာဟ်အရှင်မြတ်၏ အကူအညီကို တောင်းခံရန် လိုအပ်ပြီး မိမိကိုယ်သာ ယုံကြည်အားကိုးမနေသင့်ပါ။
သက္ကဒီရ် သတ်မှတ်ချက်နှင့် ဆုံးဖြတ်ချက်ကို အတည်ပြုထားသည်၊ ယင်းသည် အကြောင်းခံများကို ဆောင်ရွက်ခြင်းနှင့် ကောင်းကျိုးများရရှိရန် ကြိုးစားအားထုတ်ခြင်းတို့နှင့် ဆန့်ကျင်ခြင်း မရှိပါ။
ဘေးဒုက္ခများ ဆိုက်ရောက်လာသည့်အခါ “အကယ်၍” ဟူ၍ မကျေနပ်မှုဖြင့် ပြောဆိုခြင်းကို တားမြစ်ထားပြီး၊ အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်သတ်မှတ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် စောဒကတက်ခြင်းမပြုရန် တားမြစ်ထားသည်။
