တမန်တော်မြတ်…

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အများဆုံးတောင်း‌ခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အများဆုံးတောင်း‌ခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)

[صحيح] [متفق عليه]

الشرح

အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော် မုဟမ္မဒ်(ဆွလ်လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တို တောင်းသော် လည်း အဓိပ္ပါယ်အားဖြင့်ပြည့်ဝစုံလင်သော ဒုအာများကို များစွာပြုတော်မူလေ့ရှိသည်။ ထိုသို့သော ဒုအာများအနက်တစ်ခုမှာ - «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်ဆယ်တော်မူပါ။) ဤဒုအာတွင် လောကီဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကျယ်ဝန်းပေါများသည့် ဟလာလ်ရိုဇီ၊ ကောင်းမွန်သော ဇနီး၊ မျက်စိအေးမြဖွယ်ရာ သားသမီး၊ သက်တောင့်သက်သာရှိခြင်း၊ အကျိုးများသော အသိပညာနှင့် ကောင်းမှုကုသိုလ်စသည့် လိုလားနှစ်သက်အပ်သော ခွင့်ပြုထားသည့်အရာများ ပါဝင်သကဲ့သို့၊ နောင်တမလွန်ဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကဗရ်သင်္ချိုင်းအတွင်း၊ မဟ်ရှရ် (ကိယာမသ်နေ့ လူသားတို့စုဝေးရာနေရာ ) နှင့် ငရဲဘုံ၏ အပြစ်ဒဏ်များမှ ကင်းဝေးခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မူကို ရရှိခြင်း၊ ထာဝရသုခများကို ရရှိခြင်းနှင့် ကရုဏာတော်ရှင် အရှင်မြတ်၏ နီးစပ်မှုကို ရရှိခြင်းစသည့်အရာများ ပါဝင်သည်။

فوائد الحديث

ဒုအာဆု‌တောင်းရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နောက်လိုက်မှုပြုသည့်အနေဖြင့် တိုတောင်းသော်လည်း အဓိပ္ပါယ်အားဖြင့်ပြည့်ဝစုံလင်သော ဒုအာများကို ရွေးချယ်၍ တောင်းခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

အပြည့်စုံဆုံးသော နည်းလမ်းမှာ လူသားသည် ဒုအာဆု‌တောင်းသည့်အခါ လောကီဘဝနှင့် နောင်တမလွန် ဘဝ နှစ်ဘဝစလုံး၏ ကောင်းကျိုးချမ်းသာကို တောင်းခံခြင်းပင်ဖြစ်ပါသည်။

التصنيفات

ကုရ်အာန် ကျမ်းမြတ်နှင့် စွန္နသ်တော်လာ ဒုအာများ။