ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည်…

ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည် မဟုတ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းပြတော်မူခဲ့သည်။ ထို့အပြင် ဆွဒကဟ် အလှူဒါနသည် ဘေးဗလာများကိုဖယ်ရှားပေးသည်။ အလ္လာဟ်အရှင်မြတ်သည် အလှူဒါနပြုသူအား ကြီးကျယ်လှသော ကောင်းခြင်းများ အစားပြန်လည်ချီးမြှင့်တော်မူသဖြင့် မလျော့နည်းသည့်အပြင် ပို၍တိုးပွားသွားသည်။ အခြားသူအား လက်စားချေနိုင်စွမ်း၊ အစားယူနိုင်စွမ်းရှိလျက်နှင့် ခွင့်လွှတ်လိုက်ခြင်းသည် အင်အားနှင့် ဂုဏ်သိက္ခာကို ပို၍တိုးပွားစေသည်။ အကြင်သူသည် အခြားသူကို ကြောက်ရွံသည့်အတွက်ကြောင့်လည်း မဟုတ်၊ မိမိအား နူးညံ့သိမ့်မွေ့စွာ ဆက်ဆံသည့်အတွက်ကြောင့်လည်းမဟုတ်၊ ၎င်းထံမှ အကျိုးတစ်စုံတစ်ရာ မျှော်ကိုးသည့်အတွက်ကြောင့်လည်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ရိုကျိုးနှိမ့်ချမည်ဆိုပါက အဆင့်အတန်းမြင့်မားခြင်းနှင့် ဂုဏ်သိက္ခာကြီးမြတ်ခြင်းတို့ကို အစားပြန်လည်ရရှိမည်ဖြစ်သည်။

فوائد الحديث

အချို့သူတို့၏ အယူအဆနှင့် ကွဲလွဲနေလျှင်လည်း ကောင်းမှုနှင့် အောင်မြင်မှုသည် ရှရီအဟ်တရားတော်ကိုလိုက်နာခြင်း၊ ကောင်းမှုဆောက်တည်ခြင်း တွင်သာရှိသည်။

التصنيفات

နဖ်လ် အလှူဒါန။