အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌…

အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းကိုလည်း ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းသည် သင်တို့မတိုင်မီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်

ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းကိုလည်း ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းသည် သင်တို့မတိုင်မီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်။ ယင်းသည် ၎င်းတို့အချင်းချင်း သွေးချောင်းစီးအောင် သတ်ဖြတ်စေခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်ခဲ့ကြသည်။"

[صحيح] [رواه مسلم]

الشرح

တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မတရားမှု ကျူးလွန်ခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ ယင်းတွင် လူသားချင်းချင်း မတရားမှု ကျူးလွန်ခြင်း၊ မိမိကိုယ်မိမိ မတရားမှုပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့်ပတ်သတ်ပြီး မတရားမှုပြုခြင်းတို့ ပါဝင်သည်။ မတရားကျူးလွန်ခြင်းဆိုသည်မှာ ရပိုင်ခွင့်ရှိသူအား ၎င်း၏အခွင့်အရေးကို မပေးခြင်းပင် ဖြစ်သည်။ မတရားကျူးလွန်ခြင်းသည် ကိယာမသ်နေ့တွင် မတရားကျူးလွန်သူများအပေါ်၌ အမှောင်ထုများ ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့် ယင်းကြောင့် ခက်ခဲသော အခြေအနေများနှင့် ကြောက်မက်ဖွယ်ရာများကို ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။ ထိုနည်းတူ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် 'ရွှတ်ဟ်' မှလည်း တားမြစ်တော်မူခဲ့သည်။ 'ရွှတ်ဟ်' ဆိုသည်မှာ လောဘကြီးခြင်းနှင့်အတူ အလွန်အမင်း စေးနှဲတွန့်တိုခြင်းဖြစ်သည်။ ၎င်းတွင် ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များကို ပေးအပ်ရာတွင် လျစ်လျူရှုခြင်းနှင့် လောကီအပေါ် ပြင်းပြသော လောဘထားခြင်းတို့ ပါဝင်သည်။ ဤမတရားမှု အမျိုးအစားသည် ကျွန်ုပ်တို့မတိုင်မီ ရှိခဲ့သော လူမျိုးများကို ဖျက်ဆီးပစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ၎င်းတို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်စေခဲ့ပြီး၊ အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်‌ စေခဲ့သည်။

فوائد الحديث

ငွေကြေးသုံးစွဲခြင်းနှင့် ညီနောင်များအား စာနာထောက်ထားခြင်းသည် အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် အဆက်အသွယ်ထားရှိမှုကို ဖြစ်စေသည့်အကြောင်းခံတစ်ရပ် ဖြစ်သည်။

စေးနှဲတွန့်တိုခြင်းနှင့် လောဘကြီးခြင်းသည် အပြစ်အကုသိုလ်များ၊ စက်ဆုပ်ရွံရှာဖွယ် ကိစ္စရပ်များနှင့် မကောင်းမှုဒုစရိုက်များဆီသို့ ပို့ဆောင်သည်။

လွန်လေပြီးသော အွမ္မသ်များ၏ အခြေအနေများမှ သင်ခန်းစာယူရမည်။

التصنيفات

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။, မကောင်းသည့် ကိုယ်ကျင့်တရား။