إعدادات العرض
အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ဂျန္နသ်သုခဘုံ၌…
အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုကဲ့သို့(အဆောင်တစ်ဆောင်)ဆောက်လုပ်ပေးတော်မူမည်။
မဟ်မူဒ်ဗင်န်လဗီးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)သည် (မတ်စ်ဂျိဒ်နဗဝီ)ဝတ်ကျောင်းတော်ကို ပြန်လည်ဆောက်လုပ်ရန် ရည်ရွယ်သည့်အခါ လူများက ထိုအကြံကို မနှစ်သက်ကြဘဲ ဝတ်ကျောင်းတော်ကို ယခင်အတိုင်းထားရှိရန်သာ နှစ်သက်ကြသည်။ ထိုအခါ အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုကဲ့သို့(အဆောင်တစ်ဆောင်)ဆောက်လုပ်ပေးတော်မူမည်။
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം తెలుగు Bosanski ಕನ್ನಡ Kurdî Română Soomaali Shqip Српски Українська Wolof Moore Tagalog தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Русский Македонски bm አማርኛ Malagasy Oromoo ភាសាខ្មែរالشرح
အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဗလီဝတ်ကျောင်းတော်အား မူလအဆောက်အဦးထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦးအဖြစ် ပြန်လည်ဆောက်လုပ်ရန် ရည်ရွယ်သည့်အခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ခေတ်တွင်ရှိခဲ့သည့် ဗလီအဆောက်အဦးပုံသဏ္ဌာန် ပြောင်းလဲသွားမည်ဖြစ်သည့်အတွက် လူတို့က မနှစ်သက်ခဲ့ကြပေ။ ယခင်က ဗလီဝတ်ကျောင်းတော်သည် အုတ်ဖြင့်ဆောက်လုပ်ထားပြီး အမိုးမှာ စွန်ပလွံပင်စည်နှင့်ဖြစ်သော်လည်း အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)က ဗလီကို ကျောက်တုံးများ၊ အင်္ဂတေများနှင့် ဆောက်လုပ်ရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)က ၎င်းတို့အား မိမိကြားသိခဲ့သည့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မိန့်ကြားချက်ကို ပြန်လည်ပြောပြခဲ့သည်။ မည်သူမဆို ပြစားလိုစိတ်၊ ကျော်ကြားလိုစိတ်မပါဘဲ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုကို ရည်စူးကာ ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအား သူ၏လုပ်ရပ်ထက် ပိုကောင်းမြတ်သည့် အစားကိုပေးတော်မူမည်ဖြစ်သည်။ ထိုအစားမှာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုအတိုင်းပင် အဆောင်တစ်ဆောင် ဆောက်လုပ်ပေးတော်မူမည်ဖြစ်သည်။فوائد الحديث
ဗလီဆောက်လုပ်ခြင်း၏ထူးမြတ်မှုနှင့် ဗလီများ ဆောက်လုပ်ရန် တိုက်တွန်းထားသည်။
ဗလီတိုးချဲ့ခြင်း၊ အသစ်ပြန်လည်တည်ဆောက်ခြင်းတို့သည် ဗလီဆောက်လုပ်ခြင်း၏ ထူးမြတ်မှုတွင်အကျုံးဝင်သည်။
လုပ်ရပ်တိုင်းတွင် ‘အိခ်လာဆ်ွ’ရှိရန် အရေးကြီးသည်။