إعدادات العرض
“မည်သူမဆို မိမိ၏မွတ်စ်လင်မ်ညီနောင်အား ‘အို-ကာဖိရ် (မယုံကြည်သူ)’ဟု ပြောဆိုပါက ထိုစကားသည် ထိုသူနှစ်ဦးအနက်…
“မည်သူမဆို မိမိ၏မွတ်စ်လင်မ်ညီနောင်အား ‘အို-ကာဖိရ် (မယုံကြည်သူ)’ဟု ပြောဆိုပါက ထိုစကားသည် ထိုသူနှစ်ဦးအနက် တစ်ဦးဦးထံသို့ ပြန်ရောက်သွားမည်။ အကယ်၍ ထို(ပြောခံရ)သူသည် သူပြောသည့်အတိုင်း မှန်ကန်ပါက (ထိုစကားသည် သူ့အပေါ် သက်ရောက်မည်)။ သို့မဟုတ်ပါက ထိုစကားသည် ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်။”
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို မိမိ၏မွတ်စ်လင်မ်ညီနောင်အား ‘အို-ကာဖိရ် (မယုံကြည်သူ)’ဟု ပြောဆိုပါက ထိုစကားသည် ထိုသူနှစ်ဦးအနက် တစ်ဦးဦးထံသို့ ပြန်ရောက်သွားမည်။ အကယ်၍ ထို(ပြောခံရ)သူသည် သူပြောသည့်အတိုင်း မှန်ကန်ပါက (ထိုစကားသည် သူ့အပေါ် သက်ရောက်မည်)။ သို့မဟုတ်ပါက ထိုစကားသည် ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်။”
الترجمة
العربية Tiếng Việt অসমীয়া Indonesia Nederlands Kiswahili English Hausa ગુજરાતી සිංහල Magyar ქართული Română Русский Português ไทย Bosanski తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Українська Tagalog ភាសាខ្មែរ ਪੰਜਾਬੀ پښتو Svenska Wolof Moore മലയാളം हिन्दी ಕನ್ನಡ தமிழ் 中文 Српски Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင်မွတ်စ်လင်မ်တစ်ဦးအား ‘အို ကာဖိရ်’ဟု ခေါ်ဝေါ်ခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ ထိုသို့ခေါ်ဝေါ်ခြင်းဖြင့် အပြစ်သည် ပြောဆိုသူနှင့် ခံရသူအနက်မှ တစ်ဦးဦးအပေါ် ကျရောက်စေသည်။ အကယ်၍ ပြောခံရသူသည် အမှန်တကယ် ကာဖိရ်မဟုတ်ပါက ထိုစကားသည် မိမိညီနောင်အားကာဖိရ်ဟု ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။فوائد الحديث
၁။ မွတ်စ်လင်မ်တစ်ဦးအား မိမိညီနောင် မွတ်စ်လင်မ်တစ်ဦး၌ မရှိသော ဖိစ်က် (ဖောက်လွှဲဖောက်ပြန်ခြင်း) နှင့် ကုဖုရ် (သွေဖည်ငြင်းပယ်ခြင်း) ၏ ဂုဏ်အင်္ဂါရပ်များဖြင့် စွပ်စွဲပြောဆိုခြင်းမှ တားမြစ်ထားခြင်း။
၂။ ဤဆိုးယုတ်သော စကားမျိုးမှ သတိပေးခြင်း၊ ၎င်းကို မိမိညီအစ်ကိုအား ပြောဆိုမိပါက ပြောဆိုသူမှာ ကြီးလေးသော ဘေးအန္တရာယ်ကျရောက်နိုင်ခြင်း။ ထို့ကြောင့် နှုတ်လျှာကို စောင့်ထိန်းသင့်ပြီး ထိုးထွင်းသိမြင်ခြင်းမရှိဘဲ စကားမပြောဆိုသင့်ပေ။
