ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင်…

ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။

အဗူအဗ်ဒွလ္လာဟ် ဂျာဗိရ် ဗင်န် အဗ်ဒွလ္လာဟ် အလ်အန်စွာရီ ( ရဿွိယလ္လာဟု အန်ဟုမာ ) ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။ ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ မဆောင်ရွက်ခဲ့လျှင် ကျွန်တော်သည် ဂျန္နသ်သို့ဝင်ရောက်ရမည်လော။ တမန်တော်မြတ်က ဟုတ်တယ်(ဝင်ရောက်ရမည်)ဟု ဖြေကြားတော်မူသည်။

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း‌မိန့်ကြားတော်မူခဲ့သည်မှာ အကြင်သူသည် မည်သည့် နဖ်လ်ဆွလာသ်ကိုမျှ ဝတ်ပြုခြင်းမရှိဘဲ ဖရ်ဿွ်ဆွလာသ်ငါးကြိမ်ကိုသာ ဆောက်တည်မည်။ မည်သည့် နဖ်လ်ဆွိယာမ်ဥပုသ်ကိုမျှ မစောင့်ထိန်းဘဲ ရမဿွာန်လမြတ်၏ ဆွိယာမ်ဥပုသ်ကိုသာ စောင့်ထိန်းမည်။ ဟလာလ်ဟု သတ်မှတ်ထားသောအရာကို ဟလာလ်ဟုယုံကြည်လက်ခံပြီး လိုက်နာကျင့်သုံးမည်။ ဟရာမ်ဟု သတ်မှတ်ထားသောအရာကို ဟရာမ်ဟု ယုံကြည်လက်ခံပြီး ရှောင်ကြဉ်မည်ဆိုပါက ထိုသူသည် မုချဂျန္နသ်သို့ဝင်ရမည်ဖြစ်သည်။

فوائد الحديث

မွတ်စ်လင်မ်တစ်ဦးသည် ဖရ်ဿ်ွတာဝန်များကိုကျေပွန်ရန်နှင့် ဟရာမ်ကိစ္စများကို စွန့်လွှတ်ရန် ဆန္ဒပြင်းပြရမည်။ မိမိ၏ အဓိကရည်မှန်းချက်မှာ ဂျန္နသ်သို့ ဝင်ခွင့်ရရန် ဖြစ်ရမည်။

ဟလာလ်ကို ဟလာလ်ဟုယုံကြည်ပြီး ကျင့်သုံးရန်အရေးကြီးသည်။ ထို့အတူ ဟရာမ်ကို ဟရာမ်ဟုယုံကြည်ကာ ရှောင်ကြဉ်ရန်အရေးကြီးသည်။

ဖရ်ဿ်ွတာဝန်များကို ကျေပွန်ခြင်း၊ ဟရာမ်ကိုစွန့်လွှတ်ခြင်းသည် ဂျန္နသ်သို့ဝင်ရောက်ရန် အကြောင်းခံတစ်ရပ်ဖြစ်သည်။