ဆွိယာမ်။

ဆွိယာမ်။

8- မည်သူမဆိုလက်ထပ်နိုင်စွမ်းရှိပါက လက်ထပ်ထိမ်းမြားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော နိကာဟ် ထိမ်းမြားခြင်းသည် မျက်လွှာကို (ဟရာမ်တားမြစ်ထားသည့်အရာများမှ) အလွန်ပင်ထိန်းသိန်း ပေးသည်။ အရှက်အင်္ဂါကို (မကောင်းမှုမှ) အလွန်ပင်ထိန်းသိမ်းပေးသည်။ လက်ထပ်နိုင်စွမ်းမရှိသူသည် ဆောင်မ် ဥပုသ်စောင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ် ဥပုသ်စောင့်ခြင်းသည် ရာဂစိတ်ထကြွမှုကိုလျော့ကျစေသည်။

14- ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဖဂျရ်) ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ ကျွန်ုပ်က (အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့ရာ၊ ၎င်းက "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်းအ တာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။

19- ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ ‌အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။