إعدادات العرض
တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းသူမှာ (စင်စစ်) ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏
တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းသူမှာ (စင်စစ်) ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အသင်သည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ပြီး တစ်ညလုံး ဆွလားသ်ဝတ်ပြုလေသလော” ဟု ကိုယ်တော်မြတ်က မေးမြန်းရာ၊ ကျွန်ုပ်က “မှန်ပါသည်” ဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “အသင်သည် ထိုသို့ပြုလုပ်ခဲ့လျှင် မျက်စိများ အားနည်းလာပြီး ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်လာလိမ့်မည်။ တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းသူမှာ (စင်စစ်) ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏။ (တစ်လလျှင်) သုံးရက် ရိုဇာဥပုသ်စောင့်ထိန်းခြင်းသည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခြင်းနှင့် အတူတူပင် ဖြစ်သည်။” ဟု မိန့်တော်မူသည်။ ထိုအခါ ကျွန်ုပ်က “ကျွန်တော်မျိုးသည် ထို့ထက်ပို၍ တတ်စွမ်းနိုင်ပါသည်” ဟု လျှောက်ထားရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သို့ဆိုလျှင် ဒါဝူဒ်(အလိုင်ဟစ္စလာမ်) ရိုဇာစောင့်ထိန်းသကဲ့သို့ အသင်ရိုဇာစောင့်ထိန်းလော့။ ၎င်းသည် တစ်ရက် ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ရက် ရိုဇာမထားဘဲနေလေ့ရှိသည်။ ထို့ပြင် ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်လည်း ထွက်မပြေးပေ။” ဟု မိန့်တော်မူသည်။
الترجمة
العربية Bosanski English Español فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ বাংলা Malagasy Українська Tagalog ភាសាខ្មែរ ಕನ್ನಡ پښتو Svenska Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ အိဗ်နုအမရ်(ရဿွိယလ္လာဟုအန်ဟု)သည် တစ်နှစ်ပတ်လုံး ဝါလွှတ်ခြင်းမရှိဘဲ ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ညလုံး ဆွလာသ်ဝတ်ပြုနေကြောင်း သတင်းရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား ထိုသို့ပြုလုပ်ခြင်းမှ တားမြစ်တော်မူကာ “အသင် ရိုဇာဥပုသ်စောင့်ထိန်းပါ၊ ဝါလည်းလွှတ်ပါ၊ ည၌ ဆွလာသ်ဝတ်ပြုပါ၊ အိပ်စက်အနားလည်း ယူပါ” ဟု မိန့်တော်မူခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်း ခြင်းနှင့် တစ်ညလုံး (မအိပ်ဘဲ) ဆွလာသ်ဝတ်ပြုခြင်းမှ တားမြစ်တော်မူကာ “အသင်သည် ထိုသို့ပြုလုပ်မည်ဆိုလျှင် သင်၏မျက်စိမှာ အားနည်းလာပြီး ချိုင့်ဝင်သွားလိမ့်မည်။ သင်၏ ခန္ဓာကိုယ်မှာ အားနည်းလာပြီး နုံးချည့်လာလိမ့်မည်။ တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခဲ့၏။ (စင်စစ်) သူသည် ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် တားမြစ်ချက်ကို ဖီဆန်သောကြောင့် ရိုဇာစောင့်ထိန်းခြင်း၏ အကျိုးကို မရရှိသည့်အပြင် (ရိုဇာအမြဲစောင့်ထိန်းခြင်းဖြင့် ခွင့်ပြုထားသည့် နေ့ရက်များတွင်ပါ မစားမသောက်ဘဲ) ဆက်လက်ရှောင်ကြဉ်ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား တစ်လလျှင် သုံးရက် ရိုဇာဥပုသ်စောင့်ထိန်းရန် လမ်းညွှန်တော်မူခဲ့ပြီး ယင်းသည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခြင်းနှင့် တူကြောင်း မိန့်ကြားခဲ့သည်။ အကြောင်းမှာ ကောင်းမှုတစ်ခု၏ အကျိုးခံစားခွင့်သည် ဆယ်ဆအထိ တိုးပွားတတ်သောကြောင့် သုံးရက်သည် ရက်သုံးဆယ်နှင့် ညီမျှသွားသည်။ ဤသို့ဖြင့် လတိုင်း ရိုဇာသုံးရက်စောင့်ထိန်းသူသည် တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်းသူနှင့် တူညီသွားသည်။ ၎င်းသည် ကောင်းမှုတိုးပွါးရာတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ထိုအခါ အိဗ်နုအမရ်က “ကျွန်တော်မျိုးသည် ထို့ထက်ပို၍ တတ်နိုင်စွမ်းရှိပါသည်” ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သို့ဖြစ်လျှင် ဒါဝူဒ်(အလိုင်ဟစ္စလာမ်)၏ ရိုဇာဥပုသ်ကို စောင့်ထိန်းလော့။ ယင်းသည် အကောင်းဆုံးသော ရိုဇာဥပုသ်(စောင့်ထိန်းနည်း)ဖြစ်သည်။ ၎င်းသည် တစ်ရက် ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ရက် ရိုဇာမထားဘဲနေလေ့ရှိသည်။ ထို့ပြင် ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်လည်း ဆုတ်ခွာ ထွက်ပြေးခြင်းမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ ရိုဇာစောင့်ထိန်းနည်းစနစ်သည် ခန္ဓာကိုယ်ကို အားနည်းစေခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။فوائد الحديث
၁။ လစဉ် သုံးရက် ရိုဇာဥပုသ်စောင့်ခြင်းသည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ခြင်းနှင့် တူညီသည်။ အကြောင်းမှာ ကောင်းမှုကုသိုလ်၏ အကျိုးခံစားခွင့်ကို ဆယ်ဆပေးအပ်သောကြောင့် သုံးရက်သည် ရက်ပေါင်း သုံးဆယ် ဖြစ်သွားသည်။ ထို့ကြောင့် လစဉ် သုံးရက် ရိုဇာဥပုသ်စောင့်သူသည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းသူကဲ့သို့ ဖြစ်သွားသည်။
၂။ အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဒအ်ဝသ်ပေးဖိတ်ခေါ်ရာတွင် အသုံးပြုသည့် နည်းလမ်းများအနက်မှ တစ်ခုမှာ လူတို့အား ကောင်းမှုပြုရန် တိုက်တွန်းခြင်းနှင့် ၎င်း၏ အကျိုးဆုလာဘ်နှင့် တည်မြဲစွာ ဆောင်ရွက်ခြင်း၏ အကျိုးကို ဖော်ပြခြင်း ဖြစ်သည်။
၃။ အိမာမ်ခသ်သွာဗီက ဆိုသည်မှာ - အဗ်ဒုလ္လာဟ် ဗင်န် အမရ်(ရဿွိယလ္လာဟုအန်ဟု)၏ အဖြစ်အပျက်၏ အနှစ်ချုပ်သင်ခန်စားမှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်အား ရိုဇာဥပုသ်စောင့်ထိန်းခြင်း တစ်ခုတည်းဖြင့် အေဗာဒသ်ခဝပ်ဆည်းကပ်ရန် အမိန့်ပေးတော်မမူခဲ့ပေ။ သို့သာမက အေဗာဒသ်ခဝပ်ဆည်းကပ်မှု အမျိုးမျိုးဖြင့် ဆည်းကပ်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏ စွမ်းအင်အားလုံးကို အေဗာဒသ်တစ်ခုတည်းတွင် အာရုံစိုက်ထားခဲ့လျှင် အခြားသောအေဗာဒသ်များ၌ လစ်ဟင်းမှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ သို့ဖြစ်ရာ အကောင်းဆုံးနည်းလမ်းမှာ အေဗာဒသ်ဝတစ်ခုစီတွင် အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးပြီး အခြားအေဗာဒသ်များအတွက် ခွန်အားအချို့ကို ချန်ထားနိုင်ရန် ဖြစ်သည်။ ဤအချက်ကို ဒါဝူးဒ် (အလိုင်ဟစ္စလာမ်) နှင့် ပတ်သက်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားချက်၌ ညွှန်ပြထားသည်။ "သူသည် ရန်သူနှင့် ရင်ဆိုင်တွေ့ဆုံသောအခါ ထွက်ပြေးလေ့မရှိပေ" ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒါဝူးဒ်(အလိုင်ဟစ္စလာမ်)သည် ဂျီဟာဒ် (စစ်မက်ရေးရာ) အတွက် ခွန်အားရရှိရန် (အဆက်မပြတ် ရိုဇာစောင့်ထိန်းခြင်းမပြုဘဲ) အစာစားသုံးခြင်းဖြင့် ခွန်အားရယူဆည်းပူးခဲ့ခြင်းကြောင့် ဖြစ်သည်။
၄။ အေဗာဒသ်ခဝပ်ဆည်းကပ်မှုတွင် လွန်ကဲခြင်းနှင့် မိမိကိုယ်ကို အလွန်အကျွံ ဒုက္ခပေးခြင်းကို တားမြစ်ထားသည်။ အမှန်စင်စစ် ကောင်းမှုသည် စွန္နသ်တော်ကို လိုက်နာခြင်း၌ ရှိသည်။
၅။ ပညာရှင်အများစု၏ အဆိုအရ တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်းခြင်းသည် မက္ကရူဟ် (မနှစ်မြို့ဖွယ်) ဖြစ်သည်။ သို့သော် လူတစ်ဦးသည် မိမိကိုယ်ကိုယ် ခက်ခဲအောင် ပြုလုပ်ခြင်း၊ မိမိကိုယ်ကိုယ် ထိခိုက်စေခြင်း၊ မိမိ၏ စွမ်းအားထက် ကျော်လွန်၍ ဝန်ပိအောင် ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ စွန္နသ်တော်ကို ကျောခိုင်းခြင်းနှင့် အခြားသောနည်းလမ်းကို တမန်တော်မြတ်၏ စွန္နသ်လမ်းစဥ်ထက် ပိုမိုကောင်းမွန်သည်ဟု ယူဆခဲ့လျှင် ဟရာမ် (တားမြစ်ထားသော အပြုအမူ) ဖြစ်သွားနိုင်သည်။
التصنيفات
နဖ်လ်ဆွိယာမ်။