إعدادات العرض
လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည်…
လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီးနောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန် ပြောပြသည်မှာ ကျွန်တော့်အား အုမရ်ဗင်န်ခသသွာဗ် (ရဿွိယလ္လာဟုအန်ဟု)ပြောပြသည်မှာ လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီးနောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Hausa Kiswahili پښتو অসমীয়া دری or Čeština नेपाली Română Nederlands Soomaali తెలుగు Српски മലയാളം Kinyarwanda Кыргызча ಕನ್ನಡ Wolof Magyar ქართული Moore Українська Македонски Azərbaycan Lietuvių አማርኛ Malagasy Shqip Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek Italiano ភាសាខ្មែរالشرح
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ လူတစ်ဦး ဝုဿူလုပ်ပြီးနောက်သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမဆိုဘဲကျန်ခဲ့သည်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တွေ့မြင်သွားခဲ့သည်။ ထိုအခါ ကိုယ်တော်က ဝုဿူရေစိုရန်ကျန်ခဲ့သောနေရာကို ညွှန်ပြ၍အမိန့်ရှိသည်မှာ အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ၊ ပြည့်စုံအောင်လုပ်ပါ ဝုဿူပြုရာတွင် စွတ်စိုရမည့် အစိတ်ပိုင်းတိုင်းကို စွတ်စိုအောင်ပြုလုပ်ပါ။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။فوائد الحديث
ကောင်းရာကိုညွှန်ကြားသော ကိစ္စရပ်ကို အလျင်အမြန်ဆောင်ရွက်ရန်အရေးကြီးကြောင်းနှင့် မသိသောသူ၊ မေ့လျော့နေသောသူတို့အား လမ်းညွှန်ပြရန်ပါရှိပြီး အထူးသဖြင့် မကောင်းသောကိစ္စရပ်သည် အိဗာဒသ်ကို ပျက်စီးစေမည့် ကိစ္စရပ်မျိုးဖြစ်ပါကချက်ချင်းပင် တားမြစ်ရမည်။
ဝုဿူပြုလုပ်ရာတွင် ဝုဿူပြုရသည့် အစိတ်အပိုင်းအားလုံးရေစိုရန်လိုအပ်ပေသည်။ ဝုဿူပြုရသည့် မည်သည့်အင်္ဂါအစိတ်အပိုင်းကိုမဆို အနည်းငယ်မျှပင် လွတ်သွားပါက ဝုဿူမပိုင်သောကြောင့် ဝုဿူပြုလုပ်ပြီး အချိန်အတော်ကြာမှ ရေမစိုဘဲကို ကျန်ခဲ့သည့်နေရာကို သတိပြုမိပါက ဝုဿူကို ပြန်လည်ပြုလုပ်ရန် လိုအပ်သည်။
တရားတော်အရ ပြဌာန်းထားသော နည်းလမ်းအတိုင်း တစ် နေရာမှမကျန်ျန်အောင် ပြည့်စုံစွာ စနစ်တကျ ပြုလုပ်ခြင်းသည် ဝုဿူကို ကောင်းမွန်စွာပြုလုပ်ခြင်းဟူသည့် ရှရီအသ် တရားတော်လာအမိန့်ဖြစ်သည်။
ခြေထောက်နှစ်ဖက်သည် ဝုဿူပြုလုပ်ရသည့်အင်္ဂါအစိတ်အပိုင်းများအနက်မှဖြစ်ပြီး၊ ခြေထောက်နှစ်ဖက်ကို မစဟ်ပွတ်သပ်ခြင်းဖြင့် မလုံလောက်ဘဲ ဆေးကြောရန် လိုအပ်သည်။
ဝုဿူပြုလုပ်ရာတွင် ဝုဿူပြုရသည့် အင်္ဂါအစိတ်အပိုင်းများကို အစဉ်လိုက် ဆက်တိုက်ပြုလုပ်သင့်သည်။ ဆိုလိုသည်မှာ အစိတ်အပိုင်းတစ်ခုမခြောက်မီအလျင် နောက်အစိတ်အပိုင်းအား ဆေးကြောလိုက်ရမည်။
မသိခြင်းနှင့် မေ့လျော့ခြင်းတို့သည် တာဝန်ဝတ္တရားတစ်ခုကို ပယ်ဖျက်ပေးခြင်းမရှိပါ။ သို့သော် ထိုတာဝန်ဝတ္တရားကို မကျေပွန်သည့်အပြစ်မှ လွတ်ငြိမ်းခွင့်တော့ရမည်ဖြစ်သည်။ မသိသည့်အတွက်ကြောင့် ဝုဿူကို ကောင်းစွာ မပြုလုပ်ခဲ့သော ထိုလူအား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က သူ့ပေါ်တည်ရှိနေသော ဝုဿူ၏တာဝန်ဝတ္တရားကို ပယ်ဖျက်ပေးခဲ့ခြင်းမရှိဘဲ ဝုဿူကို ပြန်လည်ပြုလုပ်ရန်သာ မိန့်ကြားတော်မူခဲ့သည်။
التصنيفات
ဝုဿွူ၏ ဖရ်ဿ်ွအချက်များ။