إعدادات العرض
ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်း စောင့်ဆိုင်းနေပါ။ ထို့နောက် အသင်မရေချိုးလိုက်ပါ။
ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်း စောင့်ဆိုင်းနေပါ။ ထို့နောက် အသင်မရေချိုးလိုက်ပါ။
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ အွမ်မုဟဗီးဗဟ် ဗင်န်သိ ဂျဟ်ရှ် သည် အဗ်ဒုရ်ရဟ်မာန် ဗင်န် အောဖ် (ရဿွိယလ္လာဟုအန်ဟု) ၏ဇနီးဖြစ်ပြီး၊ သူမသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဓမ္မတာသွေးဆင်းခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအား အမိန့်ရှိသည်မှာ ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်း စောင့်ဆိုင်းနေပါ။ ထို့နောက် အသင်မရေချိုးလိုက်ပါ။ သို့သော် သူမသည် ဆွလာသ်တိုင်းအတွက် ရေချိုးလေ့ရှိသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Kiswahili پښتو অসমীয়া دری or Čeština नेपाली Română Nederlands Soomaali Кыргызча తెలుగు Српски മലയാളം Kinyarwanda ಕನ್ನಡ Lietuvių Wolof Magyar ქართული Moore Українська Македонски Azərbaycan Malagasy Shqip Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italiano ភាសាខ្មែរالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမျိုးသမီးသာဝကများအနက်မှတစ်ဦးက ရာသီသွေးဆင်းပြီးနောက် ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အကြောင်းကို တမန်တော်မြတ်အား မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအမျိုးသမီးအား ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အခြေအနေမဖြစ်ပေါ်မီက သူမထံ၌ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်းအတာနှင့်အညီ ဆွလာသ်ဝတ်ပြုခြင်းမှ ရပ်တန့်ထားရန်၊ ယခင်က ပုံမှန် ဓမ္မတာသွေးပေါ်သည့်ကာလ ပြီးဆုံးသွားသည့်အခါ ရေချိုးရန်နှင့် ဆွလာသ်ဝတ်ပြုရန် ညွှန်ကြားခဲ့သည်။ သို့သော် ထိုအမျိုးသမီးသည် ဆွလာသ်တိုင်းအတွက် နဖ်လ် (တာဝန်အရမဟုတ်ဘဲ) ရေချိုးလေ့ရှိခဲ့သည်။فوائد الحديث
အစ္စသိဟာဿွဟ် ဆိုသည်မှာ အမျိုးသမီးတစ်ဦးတွင် ပုံမှန်ရာသီသွေးဆင်းသည့်ကာလပြီးနောက် ဆက်၍သွေးဆင်းနေခြင်းကို ဆိုလိုသည်။
ရာသီးသွေးမဟုတ်ဘဲ ရောဂါကြောင့်သွေးဆင်းနေသည့် အမျိုးသမီးသည် ရောဂါသွေးဆင်းခြင်းမဖြစ်ပေါ်မီက ပုံမှန်ဓမ္မတာလာလေ့ရှိသောသတ်မှတ်ကာလအတိုင်းအတာကို ရာသီသွေးဆင်းသော ကာလဟုသာ သတ်မှတ်ရပေမည်။
မူလ ပုံမှန်ရာသီသွေးဆင်းသည့်ကာလပြီးဆုံးသွားပြီး နောက် ဆက်၍သွေးဆင်းနေလျှင်လည်း ရာသီသွေးမှ သန့်စင်ပြီးဖြစ်သည်ဟု မှတ်ယူကာ ရာသီသွေးမှ သန့်စင်ရန် ရေချိုးရမည်။
ရာသီးသွေးမဟုတ်ဘဲ ရောဂါကြောင့်သွေးဆင်းနေသည့် အမျိုးသမီးသည် ဆွလာသ်တိုင်းအတွက် ရေချိုးရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟဒီးဆ်၌ဖော်ပြထားသော အမျိုးသမီး၏ ရေချိုးခြင်းမှာ သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး၊ အကယ်၍ ထိုသို့ရေချိုးရန် မဖြစ်မနေလိုအပ်ပါက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မုချရှင်းလင်းစွာ ညွှန်ကြားခဲ့မည်ဖြစ်သည်။
ရာသီးသွေးမဟုတ်ဘဲ ရောဂါကြောင့်သွေးဆင်းနေသည့် အမျိုးသမီး၏မသန့်ပြန့်မှုသည် အဆက်မပြတ်ဖြစ်နေသောကြောင့် ဆွလာသ်တိုင်းအတွက် ဝုဿူပြုလုပ်ရမည်။ ထိုနည်းတူစွာ အမြဲဆီးစက်ကျနေသူ သို့မဟုတ် အမြဲလေလည်နေသူသည်လည်း ဆွလာသ်တိုင်းအတွက် ဝုဿူပြုလုပ်ရမည်။
ဤအမျိုးသမီးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမိမိခံစားနေရသည့် သွေးဆင်းများခြင်းနှင့်ပတ်သက်၍မေးမြန်းသကဲ့သို့ ဒီးန်သာသနာနှင့်ပတ်သက်၍မသိသောအရာများကို ပညာရှင်များထံမေးမြန်းရမည်။
