إعدادات العرض
အမျိုးသားများအတွက် အကောင်းဆုံး စွတ်ဖ်အတန်းသည် ပထမဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း…
အမျိုးသားများအတွက် အကောင်းဆုံး စွတ်ဖ်အတန်းသည် ပထမဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် ပထမဆုံးတန်း ဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမျိုးသားများအတွက် အကောင်းဆုံး စွတ်ဖ်အတန်းသည် ပထမဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် ပထမဆုံးတန်း ဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو हिन्दी 中文 Kurdî Português অসমীয়া Kiswahili ગુજરાતી Tiếng Việt Nederlands සිංහල Hausa پښتو नेपाली മലയാളം Кыргызча Română Svenska తెలుగు ქართული Moore Српски Magyar Македонски Čeština Українська Azərbaycan Kinyarwanda Malagasy Wolof ไทย मराठी ਪੰਜਾਬੀ دری አማርኛ ភាសាខ្មែរ Lietuvių Deutsch ಕನ್ನಡ Oromoo Shqip தமிழ்الشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုရာတွင် အမျိုးသားများအတွက် အကောင်းဆုံး၊ အကျိုးဆုလာဘ် အများဆုံးနှင့် မွန်မြတ်မှုအရှိဆုံး စွတ်ဖ် (ဆွလာသ်ဝတ်ပြုချိန် တန်းစီသည့်လိုင်း) အတန်းသည် ပထမဆုံးစွတ်ဖ်အတန်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ပထမဆုံးစွတ်ဖ်အတန်းတွင် ရပ်သူများသည် အိမာမ်နှင့် နီးကပ်ပြီး၊ အိမာမ်၏ ကုရ်အာန်ဖတ်ရွတ်မှုကို ကောင်းစွာကြားနိုင်ခြင်းနှင့် အမျိုးသမီးများနှင့် ဝေးကွာခြင်းတို့ကြောင့် ဖြစ်သည်။ အမျိုးသားများအတွက် အဆိုးဆုံး၊ အကျိုးဆုလာဘ် အနည်းဆုံး၊ မွန်မြတ်မှုအနည်းဆုံး ရှရီအသ်တရားတော်၏ ရည်ရွယ်ချက်များနှင့် အဝေးဆုံး စွတ်ဖတ်အတန်းမှာ နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုစွတ်ဖ်အတန်းသည် သူမတို့အတွက် ပို၍ အကာအကွယ်လုံခြုံမှုရရှိပြီး၊ အမျိုးသားများနှင့် ရောနှောခြင်း၊ ၎င်းတို့အား မြင်တွေ့ရခြင်းနှင့် ၎င်းတို့ကိုအကြောင်းခံ၍ ဖြစ်ပေါ်လာမည့် ဖိသ်နဟ်များမှ ပို၍ဝေးကွာသောကြောင့် ဖြစ်သည်။ အမျိုးသမီးများအတွက် အဆိုးဆုံးစွတ်ဖ်အတန်းမှာ ပထမဆုံးတန်း ဖြစ်သည်။ အကြောင်းမှာ ထိုအတန်းသည် အမျိုးသားများနှင့် နီးကပ်ပြီး ဖိသ်နဟ်(စမ်းသပ်မှုပြသနာများ)နှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်သည်။فوائد الحديث
အမျိုးသားများအား ကောင်းမြတ်သောအမှုများကို အမြန်ဆုံးလုပ်ဆောင်ရန်နှင့် ဆွလာသ်အတွက် ပထမဆုံးအတန်းများတွင် တန်းစီရန် တိုက်တွန်းထားခြင်း။
အမျိုးသမီးများသည် သီးသန့်အတန်းများတွင် ခွဲခြားတန်းစီ၍ အမျိုးသားများနှင့်အတူ ဗလီဝတ်ကျောင်းတွင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်။ သို့သော် လုံခြုံစွာဖုံးအုပ်ခြင်းနှင့် သိက္ခာရှိစွာဖြင့် ဖြစ်သည်။
အမျိုးသမီးများသည် ဗလီဝတ်ကျောင်းတော်အတွင်း စုဝေးမိပါက၊ အမျိုးသားများ စီတန်းသကဲ့သို့ သူမတို့သည်လည်း စွတ်ဖ်လိုင်းများကို စီတန်းရမည်။ တကွဲတပြားစီ စီတန်းခြင်းမပြုမဘဲ အမျိုးသားများကဲ့သို့ပင် သူမတို့သည်လည်း နေရာလွှတ်ချန်မထားဘဲ တညီတည်း တန်းစီရမည်။
ရှရီအသ်တရားတော်သည် အမျိုးသမီးများအား အမျိုးသားများနှင့် ကင်းကင်းရှင်းရှင်းနေထိုင်ရန် အလေးအနက် တိုက်တွန်းထားသည်။ အိဗာဒသ်ခဝပ်ဆည်းကပ်ရာ နေရာများ၌ပင် ထိုသို့နေထိုင်ရန် (ပြင်းထန်စွာ တိုက်တွန်းထားသည်။)
လူတို့သည် ၎င်းတို့၏ပြုမူဆောင်ရွက်ချက်များအရ အဆင့်အတန်း ကွဲပြားခြားနားကြသည်။
အိမာမ်နဝဝီက ဆိုသည်- အမျိုးသားများ၏ စွတ်ဖ်အတန်းများနှင့် ပတ်သက်၍ ဆိုရလျှင်၊ သူတို့၏ ပထမဆုံးအတန်းသည် အမြဲတမ်း အကောင်းဆုံးတန်းဖြစ်ပြီး နောက်ဆုံးတန်းသည် အမြဲတမ်း အဆိုးဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများနှင့် ပတ်သက်၍ ဆိုရလျှင်၊ ဤဟဒီးဆ်တော်၏ အလိုသဘောအရ အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ ဝတ်ပြုနေကြပါက၊ (သူမတို့၏ အဆိုးဆုံးစွတ်ဖ်အတန်းသည် ပထမတန်းဖြစ်ပြီး အကောင်းဆုံးတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။) သို့သော် သူမတို့သည် အမျိုးသားများနှင့်အတူမဟုတ်ဘဲ သီးသန့်ဂျမာအသ်ဖြင့် ဝတ်ပြုနေကြပါက၊ သူမတို့သည် အမျိုးသားများနှင့် တူညီသည်။ သူမတို့၏ အကောင်းဆုံးတန်းသည် ပထမဆုံးအတန်းဖြစ်ပြီး အဆိုးဆုံးအတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။
အိမာမ်နဝဝီက ဆိုသည်- ချီးမွမ်းထိုက်သော ပထမစွတ်ဖ်တန်းဆိုသည်မှာ ဟဒီးစ်တော်များတွင် ၎င်း၏ မွန်မြတ်မှုနှင့် ထိုစွတ်ဖ်အတန်းတွင်ရပ်ရန် တိုက်တွန်းထားသည့် အိမာမ်နှင့် ကပ်လျက်ရှိသောစွတ်ဖ်အတန်း ဖြစ်သည်။ ထိုစွတ်ဖ်အတန်းတွင် ရပ်သူသည် ဦးစွာရောက်ရှိလာသူ ဖြစ်စေ၊ နောက်မှရောက်ရှိလာသူ ဖြစ်စေ၊ ကြား၌ အခန်းစသည်တို့ ခြားထားသည် ဖြစ်စေ၊ မခြားထားသည်ဖြစ်စေ (ထိုအတန်းတွင် ပါဝင်နိုင်သည်။)
