إعدادات العرض
ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ (၁၀)ရကအသ်
ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ (၁၀)ရကအသ်
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ (၁၀)ရကအသ်ကို ကျက်မှတ်ခဲ့သည်။ "ဇုဟ်ရ် ဆွလာသ်၏အလျင် နှစ်ရကအသ် ဇုဟ်ရ် ဆွလာသ်ပြီး နှစ်ရကအသ်" "မဂ်ရိဗ်ဆွလာသ်ပြီး အိမ်တွင် နှစ်ရကအသ်" "အိရှာဆွလာသ်ပြီး အိမ်တွင်နှစ်ရကအသ်” "ဖဂျရ်ဆွလာသ်အလျင် နှစ်ရကအသ်” ဖြစ်သည်။ ထိုအချိန်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ မည်သူတစ်ဦးတစ်ယောက်မျှ မဝင်ရောက်ရသည့်အချိန် ဖြစ်သည်။ ဟဖ်ဆွဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကျွန်ုပ်ကို ပြောပြခဲ့သည်။ ဧကန်မုချ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအဇ္ဇင်န် အာဇာန်ဆိုပြီး ဖဂျရ် အချိန်ဝင်ရောက်သည့်အခါ ဆွလာသ်နှစ်ရကအသ် ဖတ်လေ့ရှိသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် ဧကန်မုချ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျုမုအဟ် ဆွလာသ်ဝတ်ပြုပြီးနောက် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုလေ့ရှိတော်မူသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල Svenska Čeština ગુજરાતી አማርኛ Yorùbá Tiếng Việt ไทย پښتو অসমীয়া دری Кыргызча or नेपाली Malagasy Kinyarwanda Română తెలుగు Lietuvių Oromoo മലയാളം Nederlands Soomaali Shqip Српски Українська Deutsch ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyarالشرح
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ရှင်းလင်းတင်ပြခဲ့သည်။ သူသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ နဖိလ်ဆွလာသ် (၁၀)ရကအသ်ကို ကျက်မှတ်ခဲ့သည်။ ၎င်းဆွလာသ်များကို စုနန်ရဝါသိဗ်ဟု ခေါ်သည်။ ၎င်းတို့မှာ ဇုဟ်ရ် ဆွလာသ်၏အလျင် နှစ်ရကအသ်၊ ဇိုဟ်ရ် ဆွလာသ်ပြီး နှစ်ရကအသ်၊ မဂ်ရိဗ်ဆွလာသ်ပြီးနောက် အိမ်တွင် နှစ်ရကအသ်၊ အိရှာဆွလာသ်ပြီးနောက် အိမ်တွင်နှစ်ရကအသ်၊ "ဖဂျရ်ဆွလာသ်အလျင် နှစ်ရကအသ် စုစုပေါင်း (၁၀)ရကအသ်ဖြစ်သည်။ ဂျုမုအဟ် ဆွလာသ်တွင် ဂျုမုအဟ် ဝတ်ပြုပြီးနောက် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုတော်မူသည်။فوائد الحديث
ဤစွန္နသ်ဆွလာသ်များသည် မွတ်စ်သဟဗ် ဖြစ်ပြီး ၎င်းတို့ကို စွဲစွဲမြဲမြဲ ဆောက်တည်ရမည်။
စွန္နသ်ဆွလာသ်ကို အိမ်၌ဖတ်ရန် ခွင့်ပြုထားသည်။