إعدادات العرض
အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို…
အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့လေသလော။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့လေသလော။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Português Kurdî Kiswahili Svenska Čeština ગુજરાતી Yorùbá ไทย پښتو অসমীয়া دری Кыргызча or नेपाली Kinyarwanda Română తెలుగు Lietuvių Oromoo മലയാളം Nederlands Soomaali Shqip Српски Deutsch Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyar தமிழ் Македонски አማርኛالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိဦးခေါင်းကို ပြန်ကြွလိုက်သူအား အလ္လာဟ်အရှင်မြတ်က သူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ဟူသည့် ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုအား ရှင်းပြတော်မူခဲ့သည်။فوائد الحديث
အိမာမ်ရှေ့ဆောင်နှင့်အတူ ဝတ်ပြုသည့် မုက်သဒီအတွက် အခြေအနေလေးမျိုးရှိသည်။ ၎င်းတို့အနက်သုံးမျိုးကို တားမြစ်ထားသည်။ ၎င်းတို့မှာ (၁) အီမာမ်ထက် အလျင်ပြုလုပ်ခြင်း၊ (၂) အိမာမ်နှင့် အတူတကွပြုလုပ်ခြင်း၊(၃) အီမာမ်ထက် နောက်ကျ၍ ပြုလုပ်ခြင်းတို့ဖြစ်သည်။ မုက်သဒီအတွက် သတ်မှတ်ထား ပြဌာန်းချက်မှာ အိမာမ်၏နောက်မှ လိုက်ပါဆောင်ရွက်ခြင်းဖြစ်သည်။
ဆွလာသ်တွင် မုက်သဒီအတွက် အိမာမ်ရှေ့ဆောင်၏ နောက်လိုက်ခြင်းမှာ ဝါဂျိဗ်တာဝန်ဖြစ်သည်။
အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွလိုက်သူ၏ ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ ရုပ်ဆင်းသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲပစ်ရန် လာရှိသည့် ခြိမ်းခြောက်မှုသည် ဖြစ်နိုင်သည်။ ဤသည် ပုံသဏ္ဌာန်ပြောင်းသွားခြင်းဖြစ်သည်။