ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ…

ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းပြတော်မူသည်မှာ ‘သွဟာရသ်’ သန့်ရှင်းစင်ကြယ်မှုသည် ဆွလာသ်အထမြာက်ရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များတွင် ပါဝင်သည်။ ထို့ကြောင့် ဆွလာသ်ဝတ်ပြုလိုသူသည် ကျင်ကြီး၊ ကျင်ငယ်သွားခြင်း၊ အိပ်စက်ခြင်း အစရှိသော ဝူဿွူပျက်စေသည့် ကိစ္စများပြုလုပ်ခဲ့ပါက ဝူဿွူပြုရန် တာဝန်ရှိသည်။

فوائد الحديث

မသန့်ဖြစ်နေသူသည် ‘ဟဒဆ်အက္ကဗရ်’ (ရေချိုးရန်တာဝန်ထိုက်သည့် မသန့်ရှင်းမှု) ဖြစ်နေပါက ရေမချိုးသ၍ ‘ဟဒဆ်အဆ်ွဂရ်’ (ဝူဿွူပြုရန် တာဝန်ထိုက်သည့် မသန့်ရှင်းမှု) ဖြစ်နေပါက ဝူဿွူမပြုသ၍ ၎င်း၏ဆွလာသ်သည် လက်ခံခြင်းခံရမည် မဟုတ်ပါ။

ဝူဿွူပြုခြင်းဆိုသည်မှာ ရေယူကာ ပါးစပ်ထဲသို့ထည့်၍ ဆေးကြောကာ ထွေးထုတ်ရမည်။ ထို့နောက်နှာခါင်းထဲသို့ ရေရှူသွင်းကာ ပြန်လည်ညှစ်ထုတ်ရမည်။ ထို့နောက် မျက်နှာကို သုံးကြိမ်ဆေးကြောရမည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အပါအဝင် သုံးကြိမ်ဆေးကြောရမည်။ ထို့နောက် ဦးခေါင်းတစ်ခုလုံးအား တစ်ကြိမ် မစဟ်ပြု ပွတ်သပ်ရမည်။ ထို့နောက် ခြေနှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ် ဆေးကြောရမည်။

التصنيفات

ဝုဿွူပြုခြင်း။