ဝုဿွူပြုခြင်း။

ဝုဿွူပြုခြင်း။

4- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

7- ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ သုံးကြိမ်ရေယူကာ ပလုတ်သုံးကြိမ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်မှုပြုခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။

10- လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီး‌နောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။

12- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်