إعدادات العرض
- “အသင် သူ့ကိုမသတ်လေနှင့်” ။ အကယ်၍ အသင်သူ့ကို သတ်လိုက်ပါက အသင်သူ့ကို မသတ်ခင်က ရှိခဲ့တယ့် အသင့်ရဲ့အဆင့်ကို …
- “အသင် သူ့ကိုမသတ်လေနှင့်” ။ အကယ်၍ အသင်သူ့ကို သတ်လိုက်ပါက အသင်သူ့ကို မသတ်ခင်က ရှိခဲ့တယ့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသင်ကတော့ သူဖတ်ရွတ်လိုက်တယ့် ( ကလိမဟ် ) စကားကို မဖတ်ခင်က သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားလိမ့်မည်။
မိက်ဒါဒ် ဗင်န် အမ်ရ် အလ်ကင်န်ဒီ ( ရဿွိယလ္လာဟု အန်ဟု )ထံမှဆင့်ပြန်လာရှိသည်။ ၎င်းသည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) အား ဤသို့ လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော် မည်သို့ အမိန့်ရှိပါသနည်း။ အကယ်၍ ကျွန်တော်သည် ကာဖိရ်တစ်ယောက်နဲ့ တွေ့ဆုံပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး ၎င်းသည် ကျွန်တော့်လက်တစ်ဖက်ကို ဓါးရှည်ဖြင့် ခုတ်ဖြတ်ခဲ့သည်။ ထို့နောက် ကျွန်တော့်ထံမှ လွှတ်မြောက်ဖို့ရာ သစ်ပင်တစ်ပင်ကို အကာအကွယ်ယူပြီး (ဤသို့) ပြောဆိုလေသည်။ ကျွန်ုပ် အလ္လာဟ့်အတွက် အစ္စလာမ် သာသနာကို လက်ခံလိုက်ပါပြီ။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ၎င်းသည် ထိုစကား( ကလိမဟ် )ကို ရွတ်ဆိုပြီးနောက်မှာ ကျွန်တော် သူ့ကို သတ်လို့ရမလား။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်တော်မူသည်မှာ - “အသင် သူ့ကိုမသတ်လေနှင့်” ။ ထိုအခါ ၎င်း ( မိက်ဒါဒ် ) က လျှောက်ထားသည်မှာ - အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ၎င်းသည် ကျွန်တော့်လက်တစ်ဖက်ကို ခုတ်ဖြတ်ခဲ့တယ်။ လက်ကို ခုတ်ဖြတ်ခဲ့ပြီးမှ ကလိမဟ်ကို ရွတ်ဆိုခဲ့ခြင်းဖြစ်တယ်။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်တော်မူသည်မှာ- “အသင် သူ့ကိုမသတ်လေနှင့်” ။ အကယ်၍ အသင်သူ့ကို သတ်လိုက်ပါက အသင်သူ့ကို မသတ်ခင်က ရှိခဲ့တယ့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသင်ကတော့ သူဖတ်ရွတ်လိုက်တယ့် ( ကလိမဟ် ) စကားကို မဖတ်ခင်က သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားလိမ့်မည်။
الترجمة
العربية বাংলা Bosanski English Español Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Hausa Română മലയാളം नेपाली Deutsch Кыргызча ქართული Moore Magyar తెలుగు Svenska فارسی Македонски ಕನ್ನಡ Українська Kinyarwanda Oromoo ไทย Српски मराठी Wolof ਪੰਜਾਬੀ دری አማርኛ Malagasy ភាសាខ្មែរ Lietuvių தமிழ் Shqipالشرح
မိက်ဒါဒ် ဗင်န် အစ်ဝဒ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ လျှောက်ထားမေးမြန်းခဲ့သည် - အကယ်၍ စစ်ပွဲတွင် ကာဖိရ်တစ်ဦးနှင့် ရင်ဆိုင်တွေ့ပြီး ဓားများဖြင့် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ခဲ့ကြပြီးကာဖိရ်က ၎င်း၏လက်တစ်ဖက်ကို ဓားဖြင့်ခုတ်ဖြတ်လိုက်ပြီး နောက် ထွက်ပြေးကာ သစ်ပင်တစ်ပင်အနောက်တွင်ခိုလှုံပြီး “လာအိလာဟ အိလ္လလ္လာဟု ” (အလ္လာဟ်မှတစ်ပါး အခြားမှန်ကန်သည့်ကိုးကွယ်ရာအရှင်မျှမရှိပါ )ဟု ကလိမဟ်တော်ကို ရွတ်ဆိုလိုက်လျှင် ကျွန်တော့်လက်ကို ခုတ်ဖြတ်ပြီးမှပင် ဖြစ်သော်လည်း ကျွန်တော်သည် ထိုသူ့ကို သတ်ခွင့်ရှိပါသလား။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " အသင်သူ့ကို မသတ်လေနှင့်" ဟု မိန့်ကြားခဲ့သည်။ ထိုအခါ ၎င်းက "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ သူသည် ကျွန်တော့်လက်တစ်ဖက်ကို ခုတ်ဖြတ်ခဲ့ပါသည်။ သို့ဖြစ်ပါလျက် သူ့ကို မသတ်ရဘူးလား" ဟု ပြန်လည် လျှောက်ထား မေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " အသင် သူ့ကို မသတ်လေနှင့်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူ၏သွေးသည် (အစ္စလာမ်သာသနာသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် သတ်ခြင်း) ဟရာမ်ဖြစ်သွားပြီ ဖြစ်သည်။ အကယ်၍ သူသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်လာပြီးနောက် အသင်သူ့ကို သတ်လိုက်ပါက၊ သူသည် မွတ်စ်လင်အဖြစ်သို့ ရှောက်ရှိသွားပြီ ဖြစ်သောကြောင့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသွေးအသား ကာကွယ်ခြင်းခံရသူ ဖြစ်သွားပြီး၊ အသင်သည် သူ့ကိုသတ်လိုက်ခြင်း ကြောင့် သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားပြီး၊ ကိစွားစ် (အစားယူခြင်း အပြစ်ဒဏ်)အနေဖြင့် အသတ်ခံရခြင်းသည် ဟလာလ်ဖြစ်သွားလိမ့်မည်။فوائد الحديث
မည်သူမဆို အစ္စလာမ်သို့ ဝင်ရောက်ကြောင်း ညွှန်ပြသော စကား (သို့မဟုတ်) အပြုအမူ တစ်စုံတစ်ရာ ပြုလုပ်ပြောဆိုပါက ထိုသူ့ကိုသတ်ခြင်းသည် ဟရာမ်ဖြစ်သည်။
အကယ်၍ ကာဖိရ်တစ်ဦးသည် စစ်ပွဲအတွင်း အစ္စလာမ်သာသနာသို့ ဝင်ရောက်ခဲ့ပါက၊ သူ၏သွေးသည် ကာကွယ်ခြင်းခံရပြီး သူ့အား တိုက်ခိုက်ခြင်းမှ ရပ်တန့်ရန် အရေးကြီးသည်။ သို့ရာတွင် ထိုသို့မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိရပါက (ဥပမာ- လှည့်စားမှုသာ ဖြစ်နေပါက) တိုက်ခိုက်သတ်ဖြတ်နိုင်သည်။
မွတ်စ်လင်မ်တစ်ဦး၏ စိတ်ဆန္ဒများသည် ရှရီအသ်တရားတော်၏ နောက်လိုက်သာ ဖြစ်ရန် အရေးကြီးသည်။ အမျိုးသားရေး စိတ်ဓာတ် (အစွန်းရောက်မှု) နှင့် လက်စားချေလိုသောစိတ်ကို အခြေခံခြင်း မဖြစ်ရ။
အိဗ်နုဟဂျရ် က ဤသို့ဆိုသည် - ဤဖြစ်စဉ်သည် အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်း မရှိဟု ယူဆချက်အပေါ် အခြေခံ၍ ဖြစ်နိုင်ခြေရှိသော အခြေအနေများနှင့် ပတ်သက်၍ ကြိုတင်မေးမြန်းခွင့်ရှိကြောင်း (ဤဟဒီးဆ်မှ သိရှရသည်။) ရှေးခေတ်ပညာရှင်အချို့၏ ထိုသို့မေးမြန်းခြင်းကို မနှစ်သက်ကြောင်း ဆိုခဲ့သည်မှာ ဖြစ်နိုင်ခြေအလွန်နည်းသော အရာများနှင့် ပတ်သက်၍သာ ဖြစ်သည်။ သာမန်အားဖြင့် ဖြစ်နိုင်ခြေရှိသော အရာများနှင့် ပတ်သက်၍မူ သိရှိနိုင်ရန် မေးမြန်းခွင့်ရှိသည်။
التصنيفات
အစ္စလာမ်သာသနာတော်။