إعدادات العرض
တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့်…
တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့် အမျိုးသားနှင့်တူအောင် ဝတ်ဆင်သောအမျိုးသမီးအား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေဟု လအ်နသ်ပို့ခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့် အမျိုးသားနှင့်တူအောင် ဝတ်ဆင်သောအမျိုးသမီးအား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေဟု လအ်နသ်ပို့ခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî Português Kiswahili অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Русский Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українська ភាសាខ្មែរ ಕನ್ನಡ Svenska پښتو Wolof नेपाली Shqip Српскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးများနှင့် သီးသန့်သက်ဆိုင်သော ၀တ်စားဆင်ယင်မှုများ ဥပမာ - ဟန်ပန်၊ အရောင်၊ ပုံစံ၊ ၀တ်စားဆင်ယင်မှုနည်းလမ်း၊ အလှဆင်မှုတို့ကို လိုက်လံတုပဝတ်ဆင်သည့် အမျိုးသားတိုင်း၊ သို့မဟုတ် အမျိုးသားများနှင့် သီးသန့်သက်ဆိုင်သော ၀တ်စားဆင်ယင်မှုကို လိုက်လံတုပဝတ်ဆင်သည့် အမျိုးသမီးတိုင်း အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်မှ နှင်ထုတ်ခံရစေရန်နှင့် ဝေးကွာစေရန်အတွက် ဒုအာပြုတော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကြီးလေး သောအပြစ်အကုသိုလ်များအနက် တစ်ခုဖြစ်သည်။فوائد الحديث
အလ္လာမဟ်ရှောင်ကာနီက ဤသို့ဆိုသည်- အမျိုးသားများက အမျိုးသမီးများနှင့် အမျိုးသမီးများက အမျိုးသားများနှင့် လိုက်လံတုပခြင်းသည် ဟရာမ်တားမြစ်ထားသည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လအ်နသ်ကျိန်ဆဲခြင်းသည် ဟရာမ်ဖြစ်သောအရာအတွက်သာ ဖြစ်သောကြောင့်တည်း။
ရှိက်ခ် အိဗ်နုအုဆိုင်မီးန်က ဤသို့ဆိုသည်- အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံး ဝတ်ဆင်လေ့ရှိသော ဘုံအသုံးအဆောင်ပစ္စည်းများ (ဥပမာ-အချို့သော ဖင်နလ်အင်္ကျီအမျိုးအစားများ) ကိုမူ နှစ်ဦးစလုံး ဝတ်ဆင်ခြင်းသည် ပြဿနာမရှိပေ။ အကြောင်းမှာ ၎င်းသည် အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံး ဝတ်ဆင်ခွင့်ရှိသော အမျိုးအစား ဖြစ်သောကြောင့် ဖြစ်သည်။
