إعدادات العرض
မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ်စေတယ့် တော်စပ်မှုများသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ် စေသည်။
မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ်စေတယ့် တော်စပ်မှုများသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ် စေသည်။
အာအိရှာဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ်စေတယ့် တော်စပ်မှုများသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ် စေသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල دری অসমীয়া پښتو O‘zbek Tiếng Việt Македонски Kiswahili ភាសាខ្មែរ ਪੰਜਾਬੀ తెలుగు ไทย Moore አማርኛ Magyar Azərbaycan ქართული ಕನ್ನಡ ગુજરાતી Українська Shqip Кыргызча Kinyarwanda Српски тоҷикӣ Wolof Čeština தமிழ் नेपाली മലയാളം kmr ms Lietuvių Deutsch Malagasy Bambara Oromoo Nederlands Kirundiالشرح
တမန်တော်မြတ် ﷺ က ဤဟဒီးစ်တော်တွင် မိခင်ဘက်မှတော်စပ်သည့်ဦးလေး၊ ဖခင်ဘက်မှတော်စပ်သည့် ဦးလေး သို့မဟုတ် ညီအစ်ကိုမောင်နှမတို့နှင့် သွေးသားတော်စပ်မှုကြောင့်( နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်သလို၊ နို့စို့ခြင်းကြောင့် ( တော်စပ်သည့် နို့စို့ဘက် ညီအစ်ကိုမောင်နှမများနှင့်လည်း နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူခဲ့သည်။ ထို့ပြင် နို့စို့ခြင်းသည် မွေးဖွားခြင်းကဲ့သို့ပင် အခြားသောအမိန့်ပညတ်ချက်များကိုလည်း ခွင့်ပြုထားသည်။فوائد الحديث
ဟဒီးစ်တော်တွင် နို့စို့ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များအတွက် အခြေခံမူတစ်ရပ်ကို ဖော်ပြထားသည်။
အိမာမ် အိဗ်နေ ဟဂျရ်က " မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ် စေတယ့် တော်စပ်မှုများသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ်စေသည် " ဆိုသည့် မိန့်ဆိုချက်မှာ (မွေးဖွားခြင်းကြောင့် ( သွေးသားတော်စပ်မှုကြောင့်) ပြုပိုင်ခွင့်ရှိသည့်အရာများသည် နို့စို့ခြင်းကြောင့် ( တော်စပ်မှုတွင်လည်း ) ခွင့်ပြုပေးသည် ဟူ၏။ ထိုသို့ဖြစ်ခြင်းသည် ထိမ်းမြားမှုများကို ဟရာမ်ဖြစ်စေခြင်းနှင့် ၎င်း၏ အဆက်အနွယ်များ၊ နို့စို့ကလေးနှင့် နို့ထိန်း၏သားသမီးများကြား ဟရာမ်ဖြစ်ခြင်း ပျံ့နှံ့မှုတို့နှင့် စပ်လျဉ်း၍ ပညာရှင်များအားလုံး၏ အိဂ်ျမာအ် ( သဘောတူညီချက် )ဖြစ်သည်။ ထို့ပြင် ၎င်းတို့ ( နို့စို့ဘက် မောင်နှမများ)အား ( နိကဟ်ဟရာမ်ဖြစ်သော ) ဆွေမျိုး သားချင်းများကဲ့သို့သော ကြည့်ရှုခွင့်၊ နှစ်ကိုယ်တည်းရှိခွင့်နှင့် ခရီးအတူထွက်ခွင့်များကို ခွင့်ပြုခြင်းတို့တွင်လည်း (ဆွေမျိုးများကဲ့သို့သော အဆင့်အတန်းကို ပေးအပ်ထားသည်)။ သို့ရာတွင် ၎င်းအမိန့်ပညတ်ချက်တွင် မိခင်ဖြစ်ခြင်း၏ အခြားသော ပြဋ္ဌာန်းချက်များဖြစ်သည့် အမွေဆက်ခံခွင့်၊ စားနပ်ရိက္ခာပေးရန် တာဝန်ရှိခြင်း၊ ပိုင်ဆိုင်မှုကြောင့် လွတ်မြောက်ခြင်း၊ သက်သေခံခွင့်၊ ဒီယသ်သွေးလျော်ကြေး ( အသတ်ခံရသူ၏ မိသားစုအား လျော်ပေးငွေ) ပေးချေခြင်းနှင့် ကိစွာစ် ( အသက်အစားယူခြင်း ) ကို ကင်းလွတ်ခွင့် ပေးနိုင်ခြင်းတို့မာမူ ပါဝင်ခြင်းမရှိပေ။
နို့စို့ခြင်းကြောင့် ဟရာမ်ဖြစ်ခြင်း၏ အမိန့်ပညတ်ချက်သည် အမြဲတမ်း ဟရာမ်တားမြစ်ခြင်းဖြစ်ကြောင်း အတည်ပြုချက်။
အခြားသောဟဒီးဆ်ဆင့်ပြန်ချက်များတွင် နို့တိုက်ခြင်းကြောင့် ဟရာမ်ဖြစ်ခြင်းသည် ပထမ ( ၂ ) နှစ်အတွင်း သတ်သတ်မှတ်မှတ် ငါးကြိမ် နို့တိုက်ကျွေးခြင်းဖြင့်သာ အတည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
သွေးသားတော်စပ်ခြင်းအရ ဟရာမ်ဖြစ်သောအမျိုးသမီးများမှာ -
· မိခင်များ (အမေ၊ အဘွား၊ အဘိုး၏အမေ၊ အဘွား၏အမေ စသည်ဖြင့် အထက်ဆက်အားဖြင့် မိခင်ဘက်မှ ဖြစ်စေ၊ ဖခင်ဘက်မှ ဖြစ်စေ)
· သမီးများ ၊ (သားများ၏ သမီးများ၊ သမီးများ၏ သမီးများဖြစ်သည့် မြေး၊ မြစ် အောက်ဆက်အားဖြင့် သမီးများ)
· ညီမများ (မိတူဘတူ ဖြစ်စေ၊ အမေတူ ဖြစ်စေ၊ အဖေတူဖြစ်စေ )
အဒေါ်များ (ဖခင်ဘက်မှ အဒေါ်များ (ဖခင်၏ညီမအရင်းချာများ သို့ အဖေတူ သို့ အမေတူ ညီမများဖြစ်စေ)၊ ဖခင်ဘက်မှ အဘိုးများ၏ ညီမများ (အထက်ဆက်အားဖြင့်))
· မိခင်ဘက်မှ အဒေါ်များ (မိခင်၏ ညီမအရင်းချာများ သို့ အဖေတူ သို့ အမေတူ ညီမများဖြစ်စေ)၊ ဖသွေးချင်းဖြစ်စေ မဖြစ်စေ)၊ မိခင်ဘက်မှ အဘွားများ၏ ညီမများ (အထက်ဆက်အားဖြင့် - ဖခင်ဘက်မှ အဘွားဖြစ်စေ၊ မိခင်ဘက်မှ အဘွားဖြစ်စေ)
· ညီမ၊ အစ်မတို့၏သမီးများ၊ ညီ၊ အစ်ကိုတို့၏သမီးများ ( ၎င်းတို့၏သမီးများ၊ မြေး၊ မြစ် အောက်ဆက်အားဖြင့် သမီးမိန်းကလေးများ ) ဖြစ်သည်။
နို့တိုက်ခြင်းကြောင့်ဟရာမ်ဖြစ်သော အမျိုးသမီးများ - ၎င်းတို့မှာ သွေးသားတော်စပ်မှုအရ ဟရာမ်ဖြစ်သော အမျိုးသမီးများကဲ့သို့ ဟရာမ်ဖြစ်သည်။ သွေးသားတော်စပ်မှုအရ ဟရာမ်ဖြစ် သော အမျိုးသမီးတိုင်းသည် နို့တိုက်ခြင်းကြောင့်လည်း အလားတူဟရာမ်ဖြစ်သည်။ သို့ရာတွင် နို့စို့ဘက် ညီအစ်ကို၏ မိခင်အရင်းနှင့် ( မိမိ၏ သားနှင့် ) နို့စို့ဘက် သား၏သမီးတို့မှာ နို့တိုက်ခြင်းကြောင့် ဟရာမ်မဖြစ်ပါ။
التصنيفات
နို့တိုက်ခြင်း။