ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော…

ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

လောကနှင့် လောကရှိအရာများသည် အချိန်အတိုင်းအတာ တစ်ခုအထိ အကျိုးခံစားပြီး ပျောက်ကွယ်သွားမည့် အရာများဖြစ်သည်။ သို့သော် ဤမတည်မြဲသည့် လောက၏အကျိုးခံစားမှုများအနက် အမွန်မြတ်ဆုံးမှာ အာခိရသ် နောင်တမလွန်ဘဝအတွက် အထောက်အကူပြုမည့် ဘာသာတရားကိုင်းရှိုင်းသော ဇနီးပင်ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ထိုဘာသာတရားကိုင်းရှိုင်းသော ဇနီးနှင့်စပ်လျဉ်း၍ ရှင်းပြတော်မူသည်မှာ- (အကယ်၍(ခင်ပွန်း) သည် သူမအားကြည့်လိုက်သည့်အခါ သူ့ကိုပျှော်ရွှင်စေပြီး အမိန့်တစ်ခုခုပေးသည့်အခါ သူ၏အမိန့်ကို နာခံလိုက်နာသည်။ အကယ်၍ ခင်ပွန်းသည် သူမ၏ကွယ်ရာ၌ရှိနေလျှင် သူမသည်မိမိကိုယ်နှင့် ခင်ပွန်း၏ ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့် ရှောက်သည်။)

فوائد الحديث

အလ္လာဟ်အရှင်မြတ်က မိမိကျွန်များအတွက် ဟလာလ်အဖြစ် သတ်မှတ်ထားသော လောက၏ သန့်ပြန့်ကောင်းမွန်သည့် အရာများကို ဖြုန်းတီးခြင်း၊ မာန်မာနထောင်လွှားခြင်းတို့ မပါဘဲ အကျိုးခံစားခွင့်ရှိသည်။

ဘာသာတရားကိုင်းရှိုင်းသော အမျိုးသမီးသည် ခင်ပွန်းသည် အလ္လာဟ်အရှင်မြတ်အမိန့်နာခံရာတွင် အထောက်အကူဖြစ်စေသည့်အတွက် ထိုကဲ့သို့သော အမျိုးသမီးမျိုးကို ရွေးချယ်ရန် တိုက်တွန်းထားသည်။

ဒွန္နယာလောက၏ အကောင်းဆုံး စည်းစိမ်သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုနာခံမှုရှိသည့်အရာ သို့မဟုတ် အမိန့်နာခံရန် အထောက်အကူဖြစ်စေသည့် အရာပင်ဖြစ်သည်။

التصنيفات

အမျိုးသမီးဆိုင်ရာ ပညတ်ချက်များ။